Ad P1
Ad P2

Ahsoka (2023)

Premium By Shine Design With Shroff Templates
Poster
⭐️8.4


စတားဝေါစီးရီးအသစ်တစ်ခု ဒစ္စနေးကနေ ထွက်ရှိလာပါပြီ။
ဒီတစ်ခါကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်တဲ့ အာဆိုးကာ တာနိုရဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။
အာဆိုးကာ တာနာဟာ ကလုန်းစစ်ပွဲကာလမှ နာမည်ကြီးလာတဲ့ ဂျဒိုင်းသူရဲကောင်းဖြစ်ပြီး၊ စွမ်းအားအကြီးဆုံး ဂျဒိုင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ အနာကင်စကိုင်းဝေါ်ကာ (ဒါ့ဗိတ်ဒါ)ရဲ့ လက်ထောက်တပည့်ရင်းလည်းဖြစ်ခဲ့ပါတယ်။
အာဆိုးကာဟာ ဂျဒိုင်း ကာရိုက်တာတွေထဲမှာ လူကြိုက်အများဆုံးထဲက တစ်ယောက်ဖြစ်ပြီး တူဂရူတာ မုဆိုးဂြိုလ်သားမျိုးနွယ်ဝင်လည်း ဖြစ်ပါတယ်။
ဆစ်သ်တွေထဲက နာမည်ကြီး ဒါ့သ်မောကိုလည်း ကလုန်းစစ်ပွဲကာလအတွင်း အနိုင်တိုက် ဖမ်းဆီးနိုင်ခဲ့ပြီး ဂျဒိုင်းတွေနဲ့ မန်ဒါလိုရီရန်တွေကြားက အငြိုးတွေကို ကျေလည်စေခဲ့ပြီး မန်ဒါလိုရီရန်သူတစ်ယောက်ဖြစ်တဲ့ ဆဘင်းဝရန်ကိုလည်း လက်ထောက်အဖြစ် လက်ခံသင်ကြားပေးခဲ့ပါတယ်။
ကလုန်းစစ်ပွဲအစမှာ အာဆိုးကာဟာ အလင်းဓားအဖြူတစ်ချောင်းနဲ့ ထူးထူးခြားခြားစတင်ခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ အလင်းဓားနှစ်ချောင်းနဲ့တိုက်ခဲ့တဲ့သူ ဖြစ်လာခဲ့ပါတယ်။ ရန်သူရဲ့အလင်းဓားတွေကိုပါ ပိတ်ပစ်နိုင်တဲ့ အစွမ်းရှိတဲ့လူသုံးယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်လာပါတယ်။ ကျန်တဲ့နှစ်ယောက်က မာစတာယိုးဒါးနဲ့ The Son ပါ။ ဒီဇာတ်လမ်းမှာတော့ အင်ပါယာကျဆုံးပြီး ပြည်ထောင်စုသစ် ဖြစ်ခါစ အချိန်ကိုအခြေခံထားပါတယ်။
အင်ပါယာ ဗိုလ်ချုပ်ကြီး သရောင်းပျောက်ဆုံးနေချိန်မှာ အင်ပါယာလက်ကျန်လူတွေက သူ့ကိုပြန်ရှာခေါ်ပြီး နောက်တစ်ကြိမ်စစ်တိုက်ဖို့ ကြိုးစားလာပါတယ်။ ဒါကို အာဆိုးကာက ခြေရာခံမိပြီး လိုက်စုံစမ်းဖို့ ဖြစ်လာပါတယ်။ အာဆိုးကာနဲ့ သူ့တပည့် ဆဘင်းတို့လည်း လမ်းခွဲထားတာမို့ သူတို့နှစ်ယောက်ကြားက အဖုအထစ်တွေကို ပြန်ညှိနှိုင်းနေရတုန်းပါပဲ။
အာဆိုးကာဟာ ကလုန်းစစ်ပွဲအဆုံး ဒါ့ဗိတ်ဒါနဲ့ နောက်ဆုံးတိုက်ပွဲမှာ သူ့ကို တော်လှန်ရေးခေါင်းဆောင် အဲဇရာက ကယ်ဆယ်ခဲ့တာပါ။ ဒါပေမဲ့ အင်ပါယာနဲ့နောက်ဆုံးတိုက်ပွဲမှာ ဗိုလ်ချုပ်ကြီး သရောင်းနဲ့အတူ အဲဇရာလည်း ပျောက်ဆုံးသွားတာမို့ သရောင်းကိုလိုက်ရှာရင်း အဲဇရာကို ပြန်တွေ့မလားဆိုတဲ့ မျှော်လင့်ချက်လည်း ပါလာပါတယ်။
ဒါ့အပြင် သရောင်းကိုလိုက်ရှာနေတဲ့ ဂျဒိုင်း/ဆစ်သ် နှစ်ယောက်ထဲက တစ်ယောက်ဟာ ကလုန်းစစ်ပွဲအတွင်း အစွမ်းအထက်ဆုံး ဂျဒိုင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ ဘေလန်စကောဖြစ်နေတာကြောင့် အာဆိုးကာတို့ ဆရာတပည့်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open