လွန်ခဲ့တဲ့နှစ်၅၀၀က ကောင်းကင်နန်းတော်ကိုအာခံခဲ့တဲ့အတွက် ဘုရားရှင်ရဲ့တန်ခိုးနဲ့ ချုပ်နှောင်ခံရတဲ့မျောက်ဘုရင်တစ်ပါးရှိခဲ့တယ်။
သူဟာစွမ်းအားမဲ့တောင်ပေါ်မှာချုပ်နှောင်ခံရပြီး လွတ်မြောက်မယ့်အချိန်ကိုစောင့်နေပါတယ်။
အဲဒီအချိန်မှာပဲ အနောက်အရပ်ကိုပိဋိကတ်တော်သွားပင့်တဲ့ ထန်စန်းကိုယ်တော်ရဲ့ အစောင့်အရှောက်ဖြစ်ပြီးတော့ သူ့ကိုယ်သူစွန်းဝူခုန်းပါလို့ ခံယူနေသူတစ်ယောက်ရှိတယ်။
စွမ်းအားမဲ့တောင်က အနောက်အရပ်ကိုသွားတဲ့နေရာမှာ ဖြတ်ကိုဖြတ်သွားရမယ့်နေရာဖြစ်တဲ့အတွက် ဒီမျောက်ဘုရင်စွန်းဝူခုန်း(၂)ယောက်က မလွဲမသွေထိပ်တိုက်တွေ့ရတော့မှာပဲဖြစ်ပါတယ်။
စွန်းဝူခုန်းအတုအစစ်ကြားတိုက်ပွဲအပြင် မသေမျိုးဖြစ်ဖို့အတွက် ထန်စန်းအသားကိုစားရဖို့ စွမ်းအားမဲ့တောင်မှာမိစ္ဆာတွေစုဝေးလာကြတဲ့အခါ......
အမှန်တရားနဲ့အတုအယောင် ကောင်းခြင်းနဲ့ဆိုးခြင်းကြားက တိုက်ပွဲတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်