Ad P1
Ad P2

Crazy Rich Asians (2018)

Premium By Shine Design With Shroff Templates
Poster
⭐️7.1


ရေချယ်ချုဟာ နယူး ယောက်တက္ကသိုလ်က စီးပွား ရေးပါမောက္ခတစ်ယောက်ဖြစ်ပြီး သူ့မှာ နစ်ခ်ရန်းဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ နစ်ခ်က သူ့အခင်ဆုံးသူငယ်ချင်း ကောလင်းရဲ့ မင်္ဂလာပွဲမှာ လူပျိုရံလုပ်ဖို့ရှိတဲ့အတွက်ရယ်၊ သူ့မိသားစုနဲ့ မိတ်ဆက်ပေးဖို့အ တွက်ရယ်ဆိုပြီး ရေချယ်ကိုသူနဲ့ အတူ စင်ကာပူကို လိုက်ခဲ့ဖို့ ခေါ် ခဲ့ပါတယ်။
အထက်တန်းလွှာတွေစီးတဲ့ လေယာဉ်လက်မှတ်ဝယ်ထား တာကို တွေ့လိုက် တာ နဲ့ ရေချယ်တစ်ယောက် နစ်ခ်ဟာ ချမ်းသာတဲ့မိသားစုကလာတာလားလို့မေး ပေမယ့် နစ်ခ်ကတော့ သိပ်ထူး ဆန်းဟန်မပြဘဲ မိသားစုက အိမ် ခြံမြေလုပ်ငန်းလုပ်တယ်လောက်ပဲ ပြောပြခဲ့ပါတယ်။
စင်ကာပူကိုရောက်တဲ့အခါ မှာ ရေချယ်ဟာ နစ်ခ်ရဲ့ သူငယ်ချင်းကောလင်းနဲ့ သူ့ချစ်သူအရာ မင်တာလီတို့ စုံတွဲနဲ့ခင်မင်ခဲ့ပြီးနစ်ခ်တို့မိသားစုနဲ့တွေ့ဖို့အတွက်စိတ်မပူဖို့ ရေချယ်ကိုအားပေးခဲ့ ကြပါတယ်။ ရေချယ်ကလည်း စင်ကာပူကိုရောက်တုန်းရောက်ခိုက် ကောလိပ်တုန်းက သူ့အခန်းဖော် ဂိုပိတ်လင်နဲ့ဆုံဖို့စီစဉ်ခဲ့ပါတယ်။ ပိတ်လင်နဲ့ ဆုံတဲ့အခါမှာ တော့ ပိတ်လင်ဟာအရမ်းကို ချမ်းသာသူတစ်ယောက်ဖြစ်ပြီး ရွှေနဲ့ တည်ဆောက်ထားတဲ့ အိမ်ကြီးရခိုင်မှာ နေတယ်ဆိုတာသိလိုက်ရ လို့ အရမ်းကိုအံ့အားသင့်ခဲ့ရပါ တယ်။
ရေချယ်က ပိတ်လင်ရဲ့ မိသားစုနဲ့ စကားပြောဆိုရင်း သူသွားတွေ့ရမယ့် သူ့ချစ်သူနစ်ခ် ရန်းရဲ့ မိသားစုဟာ ဂိုမိသားစုထက်အဆပေါင်း များစွာချမ်းသာ သလို သြဇာလည်းကြီးတဲ့မိသားစု ဆိုတာ ရုတ်တရက်သိခဲ့ရတဲ့အ တွက် စိုးရွံ့သွားခဲ့ပါတယ်။ ရေချယ်ဟာ ကြီးကျယ်ခမ်း နားတဲ့ ပါတီကြီးတစ်ခုဆီကိုနစ်ခ် နဲ့ လိုက်သွားခဲ့ရပြီး သူကသာအခြေအနေအရပ်ရပ်ကိုမသိ ပေမယ့် သူ့ကိုတော့ လူတွေကသိနေပြီး သတိထားကြည့်နေခဲ့ကြပါ တယ်။ နစ်ခ်တို့အိမ်ကအထိန်းကို နစ်ခ်ရဲ့ အဘွားထင်ပြီး မှားနှုတ် ဆက်ခဲ့သလို နစ်ခ်ပေါ်ကိုလည်း ဝိုင်ခွက်မှောက်အောင်လုပ်မိတဲ့ ရေချယ်တစ်ယောက် သတိထား ကြည့်ခံနေရပါတယ်ဆိုမှ တလွဲ တွေချည်းလုပ်မိခဲ့ပါတယ်။
ရေချယ်ကို နစ်ခ်ရဲ့အမေအယ်လီနောက သဘောမကျတဲ့ပုံစံပြခဲ့ပေမယ့် နစ်ခ်အဘွားက တော့ ရေချယ်ကို အိမ်ကိုလာလည်ဖို့ဖိတ်ခဲ့ပါတယ်။ နစ်ခ်ကိုလိုချင် နေတဲ့ အမန်ဒါဆိုတဲ့မိန်းကလေး ကလည်း သူနဲ့ နစ်ခ်က လက်တွဲ တော့မှာလိုလို ရေချယ်သိအောင် လုပ်ပြခဲ့ပါတယ်။ တစ်ဖက်အသိုင်းအဝိုင်းက လူတွေက ရေချယ့်ကို ငွေကြောင့်နစ်ခ်ကို အပိုင်ကြံသလိုလို စကားတွေ၊ အပြုအမူတွေနဲ့ ထိုးနှက်ကြပေမယ့် သနားစရာရေချယ်က တော့ နစ်ခ်နဲ့ပတ်သက်လို့ ဘာဆိုဘာမှသိမထားဘဲ ရုတ်တရက်ကြုံရတဲ့ဒဏ်ကို အလူးအလဲခံခဲ့ရ ပါတယ်။
ရေချယ်တစ်ယောက် ကြီးကျယ်ခမ်းနားလွန်းတဲ့ မိသားစုထဲကို ဝင်မှာလား၊ နစ်ခ်ကကောရေချယ့်အပေါ် ဘယ်လိုသဘော ထားတာလဲ၊ အလွှာမတူတဲ့ချစ် သူနှစ်ဦးရဲ့ အချစ်ခရီးလမ်းက ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ တော့ ဆက်ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ Constance Wu , Henry Golding , Michelle Yeoh,Gemma Chan , Lisa Lu၊ Nico Santos, Ronny Chieng စတဲ့သရုပ်ဆောင်တွေ ပါဝင်ပါ တယ်။
(ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open