ဇတ်လမ်း ရဲ့ အစကတော့ ဗိုက်ကင်းတွေ နေတဲ့ ကျွန်းလေးတစ်ခုကနေ အစပြုတာပါပဲ
ဗိုက်ကင်း သူရဲကောင်းတွေ ရဲ့ ရွာဟာ ပြသနာ တစ်ခုကို အမြဲ လိုလို ရင်ဆိုင်နေရပါတယ် အဲ့ဒါကတော့ နဂါးတွေပါပဲ တစ်ချို့ ညတွေမှာ နဂါးတွေဟာ ခိုးဝင်လာပြီး အစားအသောက်တွေကို ခိုးယူသွားတက်ကြသလို အိမ်တွေကိုလဲ မီးရှို့သွားတက်ကြပါသေးတယ် ဗိုက်ကင်း တွေရဲ့ အိမ်တွေဟာ အမြဲလိုလို အသစ်တွေ ဖြစ်နေတာ နဂါးတွေ ရဲ့ လက်ချက်ပါပဲ..
ဒီဗိုက်ကင်း ရွာလေး မှာ ဟစ်ကပ် ဆိုတဲ့ ကောင်လေးရှိပြီး သူက ဗိုက်ကင်းတွေ ထဲမှာ အားအနည်းဆုံး မို့ ရွယ်တူတွေလို နဂါးတွေ ဖမ်းရမယ့် အစား လက်နက်တိုက်မှာ အကူလုပ်နေရတာပါ ဗိုက်ကင်းတွေ ရဲ့ သတ္တိရှိမှု ရဲစွမ်းရှိမှုကို ပြဖို့ဆိုရင် နဂါးတစ်ကောင်တော့ အနည်းဆုံး သတ်ပြ ဖမ်းပြရမှာပဲ ဖြစ်ပါတယ်
လူကောင်သေးတဲ့ဟစ်ကပ်ကတော့ နဂါးတစ်ကောင်ဖမ်းဖို့ ကို တက်ကြွ နေပြီး သူ့ရဲ့ အစွမ်းကိုလဲ ပြချင်နေပါတယ်
တစ်ရက်မှာတော့ သူထွင်ထားတဲ့ နဂါးဖမ်းတဲ့ လက်နက် နဲ့ နိုက်ဖျူရီ လို့ ခေါ်တဲ့ နဂါးတွေထဲမှာ အလျင်မြန်ဆုံး နဲ့ အဖမ်းရခက်ဆုံး အကောင်လေး တစ်ကောင်ကို မတော်တဆ ဖမ်းမိသွားတဲ့ အခါမှာတော့