Ad P1
Ad P2

Once Upon a Time (2008)

Premium By Shine Design With Shroff Templates
Poster
⭐️7.0


ကိုရီးယားက ဂျပန်လက်အောက်ကို ကျရောက်နေတဲ့အချိန်ဖြစ်တဲ့ 1940 ခုနှစ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး
စိန်ခိုးကြမယ့် ဒီရုပ်ရှင်ကားမှာတော့ “Hide, Agency”စတဲ့ ဇာတ်လမ်းတွဲတွေထဲက မင်းသမီး Lee Bo Young, “Priest, Tracer” ဇာတ်ကားထဲက မင်းသား Park Yong Woo, “Reply 1988, Hospital Playlist”တို့လို နာမည်ကြီးဇာတ်ကားအများစုမှာ ပါဝင်ခဲ့တဲ့ ဇာတ်ပို့မင်းသားကြီး Sung Dong-il တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားနာမည်ကြီး ဇာတ်ပို့ဇာတ်ရန်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။

ဇာတ်လမ်းအညွှန်း-

ကာနယ်မူရာ (Park Yong Woo) ဆိုတဲ့ ကိုရီးယားသူခိုးဟာ ဆိုးလ်မြို့တစ်ခွင်လျှောက်သွားပြီး ဂျပန်အာဏာပိုင်တွေဆီက တန်ဖိုးကြီးရတနာပစ္စည်းတွေကို ခိုးယူနေတဲ့သူပါ။
ဟာရူကို (Lee Bo Young) ကတော့ ကာနယ်မူရာ ပုံမှန်သွားနေကျ ဘားတစ်ခုရဲ့ ဂျက်ဇ်အဆိုတော်မ‌လေးပေါ့။
ဒါပေမဲ့ သူမကလည်း သာမန်အဆိုတော်မလေး မဟုတ်ဘဲ နာမည်တုနဲ့လှုပ်ရှားနေတဲ့ အကျော်ဇေယျ သူခိုးတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ ဂျပန်အာဏာပိုင်တွေက ပွဲအခမ်းအနားကျင်းပပြီး အလွန်ရှားပါးတဲ့ “အရှေ့ဘက်ရဲ့ အလင်းရောင်”လို့ခေါ်တဲ့ ၃၀၀၀ ကာရက်တန် စိန်တုံးတစ်တုံးကို ကိုရီးယားကနေ ဂျပန်ကို တင်ပို့သွားမဲ့ သတင်းကို ရသွားတဲ့အချိန်မှာတော့..
ငတက်ပြားတွေ အဲဒီစိန်တုံးကိုရဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမယ့် action, comedy ရုပ်ရှင်ကားပဲဖြစ်ပါတယ်။
(ဇာတ်လမ်းအကျဉ်းကို Toe Toe Aung မှ ရေးသားပေးထားပါတယ်။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open