Ad P1
Ad P2

The Piper (2015)

Premium By Shine Design With Shroff Templates
Poster
⭐️7.2


ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးအတွက် Pied Piper of Hamelin ဆိုတဲ့ ဂျာမန်ပုံပြင်ကို Horror ပုံစံနဲ့ ပြန်လည်ပုံဖော်ထားတဲ့ ကိုးရီးယား Horror/Mystery ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။
နာမည်လေး မြင်လိုက်တာနဲ့ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ “ထူးဆန်းသော ပုလွေဆရာ” ဆိုတဲ့ ဒဏ္ဍရီဇာတ်လမ်းကိုပြေးမြင်မိမှာပါ။ ဒီကားကလည်း ဒီပုံပြင်ကို အခြေခံရိုက်ထားပြီး လူ့စရိုက်လူ့သဘာဝတွေကို ပေါ်လွင်အောင် ရိုက်ကူးပြသွားတဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းမျိုးလေးဖြစ်ပါတယ် ..

ဇာတ်ကားထဲမှာတော့ Miracle in Cell No. 7 နဲ့ Kingdom ထဲက မင်းသားကြီး Ryu Seung Ryong၊ Lee Sung Min၊ Chun Woo Hee နဲ့ Lee Joon တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းကတော့ ..

ကိုရီးယားစစ်ပွဲအပြီး ကာလကို အခြေခံထားပါတယ်။ ခြေတစ်ဖက်မသန်တဲ့ ပုလွေဆရာ Woo Ryong ဟာ သားဖြစ်သူကို ဆေးကုဖို့အတွက် ဆိုးလ်မြို့ကို ခရီးထွက်လာရင်း လမ်းတစ်ဝက် တောင်ကြားထဲမှာရှိတဲ့ သာယာအေးချမ်းပုံရတဲ့ ရွာလေးတစ်ရွာမှာ ခဏတာ နားခိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီရွာမှာ ရွာသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ကြွက်ပြဿနာကြီးတစ်ခု ရှိနေပါတယ်။ အဲဒီကြွက်တွေဟာ ဘယ်လိုမှ နှိမ်နင်းလို့မရအောင် အရေအတွက် များပြားသလို၊ အရွယ်အစားလည်းကြီးပြီး အရမ်းကို ကြမ်းတမ်းကြတာပါ။
Woo Ryong က ဒီကြွက်တွေကို နှိမ်နင်းပေးမယ်ဆိုပြီး ရွာသူကြီးနဲ့ အပေးအယူ လုပ်လိုက်ပါတယ်။
သူက ကတိအတိုင်း ကြွက်တွေကို ရွာထဲကနေ ဖယ်ရှားပေးခဲ့ပေမဲ့... ရွာသူကြီးကတော့ ကတိမတည်တဲ့အပြင် သူ့ကို လှည့်ဖြားပြီး သားအဖနှစ်ယောက်လုံးကို ရက်ရက်စက်စက် ဒုက္ခပေးခဲ့ပါတယ်။ ဒါ့အပြင် အေးချမ်းတယ်လို့ ထင်ခဲ့တဲ့ ရွာလေးနဲ့ ရွာသားတွေမှာလည်း လျှို့ဝှက်ချက်တွေ အပြည့်နဲ့ပါ။
အေးချမ်းတဲ့ ပုလွေသမားတစ်ယောက်ဟာ သူ့ရဲ့ အမြတ်နိုးဆုံးအရာတွေကို ဆုံးရှုံးလိုက်ရတဲ့အခါမှာတော့... အေးချမ်းတဲ့ရွာလေးကို ငရဲခန်းအဖြစ် ဘယ်လိုပြောင်းလဲပစ်လိုက်မလဲ .. ကတိမတည်တတ်တဲ့ လူသားတွေရဲ့ စိတ်ဓာတ်က ကြွက်တွေထက် ပိုကြောက်ဖို့ကောင်းနေပါတယ်။ မိဘမေတ္တာ၊ လူသားတွေရဲ့ ဖုံးကွယ်ထားတဲ့ ကောက်ကျစ်မှုနဲ့ ကြောက်မက်ဖွယ် လက်စားချေမှုတွေကို တစ်ကားလုံး သည်းထိတ်ရင်ဖို ကြည့်ရှုခံစားလိုက်ကြပါဦးနော် ..




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open