ဒီကားမှာတော့ Sunny ဇာတ်ကားမှ Shim Eun-Kyung နဲ့အတူ အားလုံးနဲ့မစိမ်းတဲ့ ဇာတ်ရန်သရုပ်ဆောင်များဖြစ်ကြတဲ့ Yoon Je-Moon နဲ့ Kim Sung-Oh တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
– ဇာတ်လမ်းအကျဉ်း –
ဟီဂျူ (Shim Eun-Kyung) ဆိုတဲ့ မိန်းကလေး အသက် ၇ နှစ်အရွယ်မှာ စုံထောက်တစ်ဦးဖြစ်တဲ့ သူ့အဖေက တာဝန်ထမ်းဆောင်ရင်း အသတ်ခံလိုက်ရပါတယ်။ လူသတ်သမား ဂင်ဂီဘုမ်း (Kim Sung-Oh) ဆိုသူကတော့ လူသတ်မှု ၇ ခုထဲမှာမှ တစ်မှုအတွက်ပဲ အပြစ်ရှိကြောင်း စီရင်ချက်ချခံခဲ့ရပြီး အပြစ်မရှိကြောင်း စီရင်ချက်ချခံရတဲ့ အမှု ၆ ခုထဲမှာ ဟီဂျူ့အဖေ အသတ်ခံရတဲ့အမှုလည်း ပါဝင်သွားပါတော့တယ်။ ၁၅ နှစ်ကြာပြီး ယခုလက်ရှိမှာတော့ ဟီဂျူက ကင်းထောက်လူငယ် ဂုဏ်ပြုဆုလက်မှတ်ကို ရရှိထားပြီး ဂင်ဂီဘုမ်းပြန်လွတ်လာမဲ့အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေပါတယ်။
တစ်ဖက်မှာလည်း စုံထောက်ဂျိုဒယ်ယောင်း (Yoon Je-Moon) က သူ့ရဲ့ပါတနာဟောင်းဖြစ်သူ ဟီဂျူ့အဖေကိုသတ်မှုနဲ့ ဂင်ဂီဘုမ်းကို အပြစ်ရှိကြောင်း စီရင်ချက်ကျခံရစေဖို့အတွက် လက်မလျှော့ဘဲ ကြိုးပမ်းနေဆဲပေါ့။ အဲဒီလိုနဲ့ ဂင်ဂီဘုမ်း ထောင်က ပြန်လွတ်လာတဲ့အခါမှာတော့…
ဟီဂျူတစ်ယောက် အဖေဖြစ်သူ အသတ်ခံရမှုအတွက် တရားမျှတမှုကို ဘယ်လို ပြန်လည်ရယူသွားမလဲ..။
စုံထောက်ဂျိုကရော ဂင်ဂီဘုမ်းကို ပြန်ပြီး ထောင်ထဲ ဖမ်းထည့်နိုင်မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ဒီကားလေးထဲမှာပဲ ဆက်လက် စောင့်ကြည့်ပေးကြပါဦး။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Wai Oo ပဲဖြစ်ပါတယ်…)