Ad P1
Ad P2

Sunflower (2006)

Premium By Shine Design With Shroff Templates
Poster
⭐️7.0


ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၀၆ခုနှစ်က ထွက်ရှိခဲ့တဲ့ Action, Drama အမျိုးအစားဖြစ်တဲ့ Sunflowerဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ Kim Rae-won, Kim Hae-sook, Heo Yi-jae, Kim Byeong-ok, Kim Jung-tae, Han Jung-soo တို့ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်း *

လူသတ်မှုနဲ့ ထောင်ဆယ်နှစ်ကျပြီး ပြန်လွတ်လာတဲ့ ထယ်ရှစ်(Kim Rae-won)က သူ့လုပ်ရပ်ကို နောင်တရပြီး လူကောင်းတစ်ယောက်အဖြစ် နေသွားဖို့ နေကြာပန်း စားသောက်ဆိုင် ပိုင်ရှင်ဖြစ်သူ အို့ဂျာ (Kim Hae-sook)ကို ကတိပေးခဲ့ပါတယ်။
နေကြာပန်း ဆိုင်ပိုင်ရှင် အို့ဂျာက ထောင်ထွက် ထယ်ရှစ်ကို သားအဖြစ်မွေးစားပြီး သမီးအရင်းဖြစ်သူ ဟီဂျူ(Kim Hae-sook)နဲ့အတူတူ တက္ကသိုလ်တက်နိုင်အောင် ထောက်ပံ့ပေးမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဖြစ်ချင်တော့ ထယ်ရှစ်ရဲ့နောက်လိုက်တွေဖြစ်ခဲ့တဲ့ ယန်းဂီ(Kim Jung-tae)နဲ့ ချန်းမူ(Han Jung-soo)တို့က ဥက္ကဌဂျိုဖန်းဆူ(Kim Byeong-ok)ဆီမှာ သစ္စာခံပြီး နေကြာပန်းဆိုင်ကို ဖယ်ရှားကာ စီမံကိန်းအသစ်တည်ဆောက်ဖို့ လုပ်လာကြပါတော့တယ်။
ထယ်ရှစ်က အို့ဂျာကို ရန်ထပ်မဖြစ်တော့ပါဘူးလို့ ကတိပေးခဲ့တဲ့အတွက် ယန်းဂီနဲ့ချန်းမူရဲ့ ရန်စမှုအမျိုးမျိုးကို သည်းခံခဲ့ပေမဲ့ ဥက္ကဌဂျိုနဲ့ နောက်လိုက်တွေက ဟီဂျူနဲ့ အို့ဂျာကို ထိခိုက်အောင်လုပ်လာတဲ့အခါ ထယ်ရှစ်တစ်ယောက် ဘယ်လိုတုံ့ပြန်သွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open