Ad P1
Ad P2

A Chinese Ghost Story 1 (1987)

Premium By Shine Design With Shroff Templates
Poster
⭐️7.4


ငယ်စဉ်ကတည်းက စွဲလန်းနှစ်ခြိုက်ခဲ့ရတဲ့ဇာတ်လမ်းလေး တစ်ကားဖြစ်သလိုယနေ့တိုင်လည်းဘယ်ချိန်ပြန်ကြည့်ကြည့်မရိုးသေးပါဘူး
.ဘာကြောင့်လဲဆိုရင် တချို့အခန်းတွေဟာ မိဘတွေနဲ့အတူကြည့်ဖို့မသင့်တော်လို့ပါ..နည်းနည်းပါးပါးပါပဲ
ဒီကားကိုတော့တော်တော်များများကြားဖူးကြမယ်ထင်ပါတယ် နောက်ပိုင်းမှလူကြိုက်များလှတဲ့မင်းသမီး Liu Yi Fei ပြန်လည်သရုပ်ဆောင်ခဲ့တဲ့ Chinese Ghost Story ဇာတ်ကားရဲ့ မူရင်း အရင်းအမြစ်ကတော့ 1987 မှာ ပထမဆုံးထွက်ရှိခဲ့တဲ့ဇာတ်ကားပါပဲ
အခုချိန်မှာတော့ ဒီဇာတ်ကား မင်းသမီးဖြစ်တဲ့ Joey Wang ကတော့ အခုချိန်မှာ အသက် 57 နှစ်ဖြစ်နေပါပြီ
ကျွန်တော့်အမြင်ကိုပြောရရင်တော့ ထွက်ခဲ့တဲ့ ကားတွေမှာ 1987 မှာထွက်တဲ့ နံပါတ် ၁ နဲ့ 1990 မှာ ထွက်တဲ့ ၂ လောက်ကျန်တာဘယ်ကားမှ သိပ်မကောင်းဘူးလို့ပဲမြင်ပါတယ်..
လူသားကောင်လေးတစ်ယောက်နဲ့ တစ္တေမလေးတစ်ယောက်တို့ရဲ့အချစ်ဇာတ်လမ်းကို ဟာသနှောပြီးရယ်မောဖွယ် ကြည်နူးဖွယ်..နဲ့ ရင်နင့်ဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာလည်း IMDb Rate 7.4 ရရှိခဲ့တာမို့ အများကြီးအထွေအထူးတော့ ပြောနေစရာ မလိုတော့ဘူးလို့ထင်မြင်ပါတယ်..
နင့်ချိုင်ချန်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ရပ်ဝေးကနေ နယ်တခုကိုလာပြီးတော့ အကြွေးတောင်းတဲ့သူပါ…
လမ်းခရီးသွားလာရတာ ကြမ်းတမ်းပြီး သူခိုးဓါးပြများလည်းပေါများတဲ့အချိန်မို့လို့.. သူ့အရင် လာတဲ့သူတွေအသတ်ခံရတာပေါ့..လမ်းမှာမိုးတွေရွာပြီး အရမ်းစိုရွဲသွားလို့ အကြွေးစာရင်းတွေပါ ပျက်စီးသွားခဲ့တယ်.. အဲ့တော့ အကြွေးကလည်းတောင်းမရ.. လူတွေကလည်း စာရင်းထဲမှာနာမည်မရှိရင် ပိုက်ဆံ မပေးနိုင်ဘူးဆိုပြီး ပြောတော့ သူ့မှာနေစရာ စားစရာလုံးဝမရှိတဲ့ဘဝထိရောက်သွားပါတယ်.. ညဘက် တည်းဖို့ နေရာလိုက်ရှာတော့ ချောက်ချ ချင်တဲ့သူတစ်ယောက်က လန်လော့ဘုရားကျောင်းမှာ တည်းပါလို့ ပြောလိုက်ပါတော့တယ်..
တကယ်တော့ လန်လော့ဘုရားကျောင်းဟာ.. သရဲတစ္ဆေတွေကြီးစိုးရာ နေရာ..ဖြစ်ပါတယ်..ဒါကိုမသိတဲ့ နင့်ချိုင်ချန် တစ်ယောက် အူကြောင်ကြောင်နဲ့ရောက်သွားတဲ့အခါဘာဆက်ဖြစ်မယ် ဆိုတာကိုတော့ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦး




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open