⭐️6.1
သဘာဝသမိုင်းပြတိုက် ညစောင့်လေး လယ်ရီဟာ သူ့ရည်မှန်းချက်အစစ်ဖြစ်တဲ့ သူတီထွင်ထားတဲ့ အိမ်သုံးပစ္စည်းလေးတွေကို ရောင်းချရင်း လူသုံးကုန်ပစ္စည်းကုမ္ပဏီတစ်ခုအဖြစ် ကြီးကျယ်အောင်မြင်သွားပါပြီ။ ပြတိုက်ေဟာင်းလေးကိုစွန့်ခွာလို့ CEO ကြီး လယ်ရီ ဒဲလ်လေ အဖြစ်နဲ့ပေါ့၊ လောကလမ်းပေါ်မှာ လျှောက်လှမ်းနေလေရဲ့။ မိသားစုဖြစ်ခဲ့ဖူးတဲ့ အသိုက်အမြုံလေးဆီကို အလည်တစ်ခေါက် ရောက်လာချိန်မှာ သူသိခဲ့ဖူးတဲ့ ကမ္ဘာလေးကပြိုပျက်၊ အားလုံးက တကွဲစီဝေးရမယ့် အခြေအနေကို ရုတ်တရက်တွေ့လိုက်ရတဲ့ လယ်ရီလေးဟာ ရင်ကွဲပက်လက်။ လူကြိုက်မများတော့တဲ့ ပြတိုက်ထဲက ပစ္စည်းတွေကို ခေတ်မီ သုံးဖက်မြင်စက်ပစ္စည်းနဲ့ အစားထိုးမယ့် အစီအစဉ်တွေကြောင့် သမားရိုးကျအရုပ်လေးတွေက ပြည်ထောင်စုမော်ကွန်းတိုက်ရဲ့ မြေအောက်ခန်းထဲမှာ စွန့်ပစ်ခံရတော့မယ့်အချိန်ပါပဲ။ စကားနာထိုးတဲ့သူတွေရယ်၊ မျက်နှာကိုမကြည့်ချင်လို့ အကြည့်လွှဲတဲ့သူရယ်၊ သူ့ရဲ့ စွန့်ခွာထွက်ပြေးမှုကို စိတ်နာကြတဲ့ မိတ်ဆွေတွေကို လယ်ရီက တစ်ညတာအတူဖြတ်သန်းရင်း နှုတ်ဆက်လိုက်ရပါသတဲ့။ ဒါပေမဲ့ မျောက်ကလေး ဒက်ဇ်တာ လက်ဆော့လိုက်တာကစပြီး မော်ကွန်းတိုက်ကြီးအောက်ထပ်ကို ရွှေကျောက်စာ ခိုးယူသွားတော့ ကမ္ဘာ့အကြီးဆုံး ပြတိုက်ကြီး အသက်ဝင်လာပါလေရော။ အသက်ဝင်လာသူတွေထဲမှာ ကမ္ဘာကို အုပ်စိုးချင်တဲ့၊ ဖာရိုဘုရင်မျိုးရိုးကြီး တစ်ယောက်လည်း ပါလာတာပေါ့။ လယ်ရီရဲ့မိတ်ဆွေ အခမ်းရာ့ရှ် ရဲ့ အစ်ကိုတော်၊ ယုတ်ညံ့တဲ့ စိတ်ဓာတ်ကြောင့် ထီးနန်းမအပ်ခံရတဲ့သူ၊ ကမ္ဘာကြီးရဲ့ ကပ်ရောဂါဆိုးပုဂ္ဂိုလ်ကြီးက လယ်ရီလက်ထဲက ကျောက်စာကိုလုယူ၊ တမလွန်မြေအောက်ကမ္ဘာက မိစ္ဆာစစ်တပ်ကြီးကို မြေပေါ်ခေါ်ယူပြီး အုပ်စိုးဖို့ ကြိုးစားချိန်မှာ လယ်ရီလေး ဘာလုပ်မလဲ။ စွန့်စားခရီးမှာ သူနဲ့ ဖဝါးထပ်မကွာ လိုက်ပါလာသူလေးက လေယာဉ်မှူးမိန်းမချောပေါ့။ အတ္တလန္တိတ် သမုဒ္ဒရာကို ပထမဆုံး တောင်ပံအရှင်တပ်လေယာဉ်နဲ့ ဖြတ်ပျံပြခဲ့တဲ့ သတ္တိခဲ မိန်းမလှလေးက လယ်ရီကို မြတ်နိုးတဲ့စိတ်နဲ့ အစအဆုံးလိုက်ပါကူညီရင်း သူတို့တွေရဲ့ မေတ္တာ၊ ခွဲခွာခြင်းမှာ နာကျင်ရတဲ့ မျက်ဝန်းတွေကို ရယ်မောခြင်းတွေနောက် နှလုံးသားကိုထိတဲ့ ဒရမ်မာတစ်ကွက်ကိုလည်း ခံစားရဦးမှာဖြစ်ကြောင်း။ Night At The Museum Trilogy သုံးကားတွဲ ကြည့်ရှူရန် (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်)