Ad P1
Ad P2

The Running Man (1987)

Premium By Shine Design With Shroff Templates
Poster
⭐️6.5


ဒီဇာတ်ကားက ၁၉၈၇ မှာထွက်ခဲ့တယ်။ ဇာတ်လမ်းက အဲဒီအချိန် ၁၉၈၇ ကနေ အနာဂတ်နှစ်ပေါင်းသုံးဆယ်ကို ကြိုမှန်းပြီး ၂၀၁၇ မှာ ဇာတ်အိမ်တည်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကာလံဒေသံနဲ့တော့ အင်မတန်ကိုက်ညီတဲ့ ဇာတ်ကားပါပဲ။
၂၀၁၇ မှာ တကမ္ဘာလုံးစီးပွားပျက်ကပ်ကြီးဖြစ်ပြီး စားနပ်ရိက္ခာထုတ်လုပ်မှုတွေလျော့ကျ၊ သံယံဇာတတွေ ရေနံ သဘာဝဓာတ်ငွေ့တွေလည်း နည်းပါးပြတ်လပ်လာခဲ့တာ တကမ္ဘာလုံးမှာပါပဲ တဲ့။ အဲလိုအချိန်မှာ အမေရိကန်နိုင်ငံမှာ အကြွင်းမဲ့အာဏာရှင်အစိုးရတစ်ရပ်က အုပ်ချုပ်နေပါသတဲ့။
စာရေးဆရာနှယ် စိတ်ကူးမှယဉ်တတ်‌သေးတယ်ဗျာတယ်။ (တကယ်တော့ အဲဒီဇာတ်လမ်းဟာ စာရေးဆရာ Stephen Kingက ကလောင်ခွဲတစ်ခုနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထု The Running Manကိုပဲ အခြေတည်ပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။) တနိုင်ငံလုံးကို စစ်နယ်မြေဇုန်တွေခွဲပြီး သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပါသတဲ့။ စာပေ ဂီတအပါအဝင် အနုပညာအားလုံးကို ဆင်ဆာပိတ်ထားတယ်။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလို့ မရှိစေရ။ တစ်နေရာနဲ့တစ်နေရာ စာရေး၊ဖုန်းဆက်ခွင့် မပြု။ ခရီးသွားချင်ရင် အစိုးရထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ရှိမှ သွားခွင့်ရှိတယ်။ အိမ်ပြင်ထွက်ရင်တောင်မှ သွားလာခွင့်လက်မှတ်ဆိုတာကို အမြဲဆောင်ထားရမတဲ့။ ညမထွက်ရအချိန်ကျော်မှထွက်လို့မိရင် ထောင်ဒဏ်တသက်တကျွန်းဆိုပဲ။
ရုပ်မြင်သံကြားကို အစိုးရက လုံးဝထိန်းချုပ်ထားတယ်။ ရုပ်မြင်သံကြားနဲ့ပဲ နာရီမလပ် ဝါဒဖြန့်တယ်။ လူတွေဆန္ဒပြဆူပူဖို့ အာရုံမရောက်အောင် ရုပ်မြင်သံကြားကနေ The Running Man ဆိုတဲ့ ဂိမ်းရှိုးတစ်ခု အမြဲပြပေးတယ်။ အဲဒီရှိုးကလည်း အလွန်လူကြိုက်များတဲ့အစီအစဉ်ဖြစ်လာခဲ့ပါတယ်။
ထောင်ကျနေတဲ့ရာဇဝတ်သားတွေကို ငလျင်ကြောင့်ပျက်စီးနေတဲ့နယ်မြေတစ်ခုထဲကို သွင်းပြီး သူ့နောက်ကနေ ကြေးစားလူသတ်သမားတွေက လိုက်သတ်တယ်။ သုံးနာရီပြည့်လို့မှ အသတ်မခံရသေးရင် သူနိုင်တယ်ပေါ့လေ။ နိုင်ရင် လွတ်ငြိမ်းချမ်းသာခွင့်ရပြီပေါ့။ အဲဒီအစိုးရတီဗီက အမြဲပြောလေ့ရှိတာကတော့ ကိုယ်တိုင်မျက်မြင်ဖြစ်မှယုံကြပါ တဲ့။ ဟုတ်ကဲ့ သူတို့တီဗီမှာပြနေတဲ့ဟာတွေအားလုံးကတော့ အမှန်တရားကို ပုံဖျက်ပြီး editing လုပ်ထားတဲ့ဟာတွေချည်းပါပဲ။ လူတွေကလည်း ကာလကြာလာတော့ ယုံလာကြတာပါပဲ။ ကလေးတွေအတွက် ကျောင်းဆိုတာ မရှိတော့ပါဘူး။
ကလေးတွေကို စစ်သင်တန်းပဲတက်ခိုင်းပြီး ဦးနှောက်ဆေးတယ်။ မိဘ၊မိသားစုဝင်တွေထဲက တော်လှန်ရေးသမားတွေရှိရင်၊အစိုးရမကောင်းကြောင်းပြောတဲ့သူတွေရှိရင် သတင်း‌ပို့ရမယ်လို့ သင်ပေးတယ်။ အဲလိုသတင်းပေးရင် မုန့်ဖိုးနှစ်ဆပေးသတဲ့။ Gorge Orwell ရဲ့ 1984 ထဲက အငွေ့အသက်တွေကိုပါ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့လည်း ဖိလွန်းရင်ကြွ ထိလွန်းရင်ချ ဆိုသလိုပဲ အဲဒီအာဏာရှင်အစိုးရကို တော်လှန်နေသူတွေလည်း ရှိပါသေးတယ်။ လူအရေအတွက်အနည်းငယ်သာရှိတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့လေးတစ်ခုပေါ့။
အဲလိုကာလမှာ ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဘန် ရစ်ချတ် (Arnold Schwarzenegger) ဟာ သူတကယ်မကျူးလွန်ဘဲ အကွက်ဆင်ခံလိုက်ရတဲ့ အမှုကြီးတစ်ခုအတွက် ထောင်ကျခံနေရာကနေ သူငယ်ချင်းတစ်စုနဲ့အတူ ထောင်ဖောက်ပြေးပြီး လွတ်မြောက်လာခဲ့ပါတယ်။ လွတ်မြောက်လို့ရက်သိပ်မကြာသေးခင်မှာပဲ ကံမကောင်းအကြောင်းမလှစွာနဲ့ ပြန်အဖမ်းခံရပြီး the Running Man အစီအစဉ်ထုတ်လုပ်သူ ၊ နာမည်ကျော်အစီအစဉ်တင်ဆက်သူကြီး ဒေမွန် ကီလီယံ ရဲ့လက်ထဲကို ရောက်သွားပါတော့တယ်။
မင်းသားကြီး အာနိုး ရဲ့ နုစဉ်အခါက သရုပ်ဆောင်ပုံဘယ်လိုရှိခဲ့တယ်ဆိုတာ အကဲဖြတ်ခံစားရင်း၊ ဒီဇာတ်ကားထဲက လူတွေရဲ့ အခြေအနေတွေကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ရှုရင်း နဲ့ စိတ်ကူးယဉ်မဆန်တဲ့ စိတ်ကူးယဉ်ဇာတ်ကားလေးကို အားပေးကြည့်ရှုကြပါဦး လို့ တိုက်တွန်းလိုက်ပါတယ်။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားတာပါ။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open