ကမ႓ာဖျက် လူသားစား titanကောင်ကြီးတွေ ဟာ လူသားမျိုးနွယ် တွေကို မျိုးသုဉ်းလောက်သည်ထိ ဒုက္ခပေးနိုင်စွမ်း ရှိပြီး လူသားတွေ ရဲ့ နောက်ဆုံး မျှော်လင့်ချက်က အဲရန် ဆိုတဲ့ လူငယ်လေးနဲ့ သူ့ သူငယ်ချင်းတွေ ပေါ်ကို စုပြုံကျလာပါတယ်။
Titanတွေရဲ့ ရန်ကိုကြောက်လို့ နံရံအမြင့်ကြီးတွေ နောက်မှာနေ နေရတဲ့ လူသားတွေ ထဲမှာ အဲရန်ဆိုတဲ့ လူငယ်ကတော့ အကြောက်အလန့် မရှိတဲ့ လူငယ်တစ်ယောက်။ သူ့သူငယ်ချင်း အာမင် ကတော့ လူကြောက်တစ်ယောက်ဖြစ်ပြီး အဲရန် ပြောသမျှ ယုံကြည်လက်ခံ တတ်တဲ့ ကောင်မလေး မီကာဆာ တို့နဲ့ titan တွေရဲ့ အားပြိုင်ပုံတွေကို ခပ်ကြမ်းကြမ်းလေး ရိုက်ပြထားပါတယ်။
anime မှာ သိပ်မသိသာပေမယ့် လူသားဇာတ်ကောင်တွေနဲ့ ရိုက်တဲ့အခါမှာတော့ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေက age restriction တွေ သတ်မှတ် ရတဲ့ ထိ ဖြစ်စေခဲ့ပါတယ်။ titan တွေရဲ့ အားပြိုင်ပုံတွေ လူငယ်တွေ ရဲ့ ချစ်တြိဂံ ဇာတ်လမ်းတွေ နဲ့ အတူ ဇာတ်အိမ်တည်ထားပါတယ်။
မူရင်း Manga က ဇာတ်ကောင်တွေနဲ့ လူသားဇာတ်ကောင်တွေ ကြား ကွဲလွဲမှုတွေ ရှိပြီး ဝေဖန်မှုတချို့ တော့ ရရှိထားပါတယ်။ ဒါကလည်း နာမည်ကြီး ဇာတ်လမ်း တွေကို ပြန်ရိုက်ခဲ့အခါမှာ ပရိသတ်တွေရဲ့ High expectation ကြောင့် ဖြစ်တတ်တဲ့အရာတစ်ခု ဖြစ်ပြီး anime နဲ့ မနှိုင်းယှဉ်ဘူးဆိုရင် ရုပ်ရှင်သက်သက် ရဲ့ အရသာမျိုးကို အကောင်းဆုံး ခံစားရမှာပါ။
ဒီကားအတွက် ဇာတ်ကားအကြည်က ဂျပန်အသံနဲ့ မထွက်လာတာမို့ ထိုင်းသံနဲ့ပဲ တင်ဆက်ပေးလိုက်ပါတယ်