ဇာတ်လမ်းအကျဉ်း -------
ကမ္ဘာပေါ်မှာ လူကြီးတွေကိုပဲကူးစက်ပြီး လူသားစားတဲ့သတ္တဝါတွေအဖြစ်ပြောင်းလဲစေတဲ့ ဗိုင်းရပ်စ်ဆိုးကြီးပျံ့နှံ့သွားတဲ့အချိန်မှာ ကလေးတွေကို ရောဂါသယ်ဆောင်သူတွေအဖြစ်သတ်မှတ်ပြီး အကျဉ်းစခန်းတွေထဲထည့်ထားတဲ့ ကာလတစ်ခုကိုအခြေခံထားပါတယ်။
မိဘမဲ့မိန်းကလေးဖြစ်တဲ့မယ်ရီ ဟာ စခန်းကနေထွက်ပြေးလာရင်း ဂျက်ဖီ၊ဆက်ဒ် တို့လို တခြားမိဘမဲ့ကလေးတစ်သိုက်နဲ့ဆုံမိပြီး နယ်စပ်ဘက်ကလွတ်မြောက်ရာလမ်းကိုရှာဖွေဖို့ ခရီးဆက်ကြပါတော့တယ်။
လမ်းခရီးမှာအစားအစာခိုးယူရင်းဒဏ်ရာရလာတဲ့သူငယ်ချင်းအတွက် ဆေးကုဖို့ ကလာရာ ဆိုတဲ့အမျိုးသမီးရဲ့အိမ်မှာ ဝင်ရောက်ခိုလှုံမိရာကနေ ထင်မှတ်မထားတဲ့ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံလာရမလဲဆိုတာကတော့ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။