Castတွေအဖြစ် Friend 1 တုန်းကပါဝင်ခဲ့တဲ့ ဝါရင့်မင်းသားကြီး Yu Oh Seong, Joo Jin Mo တို့အပြင် မင်းသားချော Kim Woo Bin ကလည်း အသစ်ပါဝင်လာပါတယ်။
ဇာတ်လမ်းကတော့
သူငယ်ချင်းဖြစ်သူကို သတ်မှုနဲ့ ထောင်ကျနေခဲ့တဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင် အီဂျွန်ဆော့ (Yu Oh Seong) ဟာ ၁၇နှစ်အကြာမှာ ထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။ ဒါပေမဲ့ သူ ပြန်ထွက်လာတဲ့အချိန်မှာတော့
သူ ဦးဆောင်ခဲ့တဲ့ဂိုဏ်းကို သစ္စာဖောက်ခေါင်းဆောင်သစ်တစ်ဦးက အုပ်ချုပ်နေပြီး အရာအားလုံးက ပြောင်းလဲနေတာကို တွေ့လိုက်ရပါတယ်။
ဒါကြောင့် သူ ထောင်ထဲမှာရှိစဉ်က စောင့်ရှောက်ပေးခဲ့တဲ့ လူငယ်လေး ချွဲဆောင်းဟွန်း (Kim Woo Bin) နဲ့ အတူ သူ့ရဲ့အာဏာကို ပြန်လည်တည်ဆောက်ဖို့ကြိုးစားရင်း တစ်ဖက်မှာလည်း သူတို့နှစ်ဦးကြားက နက်နဲလှတဲ့ ပတ်သက်မှုတွေနဲ့အတူ အတိတ်က လျှို့ဝှက်ချက်တွေဟာ တဖြည်းဖြည်း ပေါ်ပေါက်လာပါတော့တယ်။
ဒါကြောင့် ဂျွန်ဆော့တစ်ယောက် သူ့ရဲ့အာဏာဟောင်းကို ပြန်လည်သိမ်းပိုက်သွားနိုင်မလား....
ဆောင်းဟွန်းနဲ့ သူ့ကြားက အတိတ်က လျှို့ဝှက်ချက်ကရော ဘာဖြစ်မလဲ...
သစ္စာတရားနဲ့ အငြှိုးအတေးတွေကြားမှာ သူတို့နှစ်ဦးရဲ့ပတ်သက်မှုက ဘယ်လိုအဆုံးသတ်မလဲ...
ဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားလိုက်ကြပါဦးနော်။