ဒီရုပ်ရှင်က Cast line တောင့်ရုံတင်မကဘဲ နာမည်ကျော် Fantasy ဝတ္ထုစီးရီးဖြစ်တဲ့ The Mortal Instruments ဝတ္ထုတွဲတွေထဲက ပထမဆုံးစာအုပ် "City of Bones" ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
အဓိကဇာတ်ကောင် ကလယ်ရီဟာ သာမန်နေ့စဉ်ဘဝမှာ နေထိုင်ရင်းကနေ ထူးဆန်းတဲ့အမှတ်အသားတွေ ပုံတွေကို ရေးဆွဲမိလာပြီး အဲဒီအမှတ်အသားတွေကို တဖြည်းဖြည်း သတိပြုလာမိပါတယ်။
ဒီလိုနဲ့ မွေးနေ့မှာ ကလပ်ကိုသွားရာကနေ ထူးဆန်းတဲ့လူသတ်မှုတစ်ခုကို မျက်မြင်တွေ့လိုက်ရပြီး မကြာခင်မှာပဲ ကလယ်ရီရဲ့အမေဟာလည်းပျောက်ဆုံးသွားပါတယ်။ ပျောက်ဆုံးသွားတဲ့အမေကိုရှာဖို့နဲ့ သူကြုံနေရတဲ့ ပဟေဠိဆန်ဆန် အရာတွေကို အဖြေရှာဖို့ ကြိုးစားနေတဲ့ ကလယ်ရီဆီကို ဂျေ့စ်ဆိုတဲ့ လူတစ်ယောက်ကရောက်လာခဲ့ပြီး ကလယ်ရီဟာ သာမန်လူသားမဟုတ်ဘဲ သူတို့လိုမျိုး နတ်ဆိုးတွေကို နှိမ်နင်းသုတ်သင်ရတဲ့ Shadowhunter တစ်ဦးဖြစ်ကြောင်းကို ပြောပြပါတော့တယ်။
အဲဒီကနေတစ်ဆင့် ကလယ်ရီဟာ သူမကြုံဖူးမတွေ့ဖူးခဲ့တဲ့ သဘာဝလွန် မှော်လောကကြီးထဲ စတင်ခြေလှမ်းမိပြီး လျှို့ဝှက်ချက်တွေကနေတစ်ဆင့် အမေဖြစ်သူကိုရှာဖို့ကြိုးစားပါတော့တယ်။
ဒီရုပ်ရှင်ဟာ Twilight တို့ Harry Potter တို့လိုမျိုး Fantasy ကားတွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ ရုပ်ရှင်ကားပါပဲ။
Stranger Things ပြီးသွားလို့ ဗက်ဂနာ/No.1 ကိုကြည့်မဝသေးဘူးဆိုတဲ့သူတွေအတွက်လည်း ဒီကားထဲမှာ Jamie ကို အလန်းစား ခပ်မိုက်မိုက်ပုံစံနဲ့မြင်တွေ့ရဦးမှာပဲဖြစ်ပါတယ်။