Ad P1
Ad P2

Paddington 2 (2017)

Premium By Shine Design With Shroff Templates
Poster
⭐️7.8


2014 ကထွက်ခဲ့တဲ့ Paddington ပထမဇာတ်ကားကို ဘယ်သူတွေ ကြည့်ဖြစ်ခဲ့ကြလဲ။
ပထမဇာတ်ကားကို ကြည့်ဖူးခဲ့သူတိုင်း အခု ဒုတိယမြောက်ဇာတ်ကားကို ကြည့်ကြမယ်ဆိုတာ ကျိန်းသေပါတယ်။
ချစ်ဖို့ကောင်းတဲ့ ဝက်ဝံ Paddington လေးရဲ့စွန့်စားခန်းတွေကို ဘယ်သူတွေက မကြိုက်ပဲ နေပါ့မလဲ။
အခု ဒုတိယဇာတ်ကားကို ကျွန်တော် ပထမကားထက်ပိုကြိုက်ခဲ့တယ်။
Paddington ရဲ့စွန့်စားခန်းတွေကလည်း ပိုများလာသလို ဇာတ်လမ်းကလည်း ပိုကျယ်လာခဲ့တယ်လို့ခံစားရတယ်။
ဇာတ်လမ်းရဲ့အကြိုက်ဆုံးအပိုင်းကတော့ Paddington လေး မတရားစွပ်စွဲခံရပြီး ထောင်ထဲကို ရောက်သွားတဲ့အချိန်မှာ ထောင်ထဲက inmates တွေနဲ့မိတ်ဆွေဖြစ်ပြီး သူ့ရဲ့ marmalade sandwich ကို ထောင်သားတွေအကုန် အကြိုက်တွေ့သွားတဲ့အခန်းပဲ။
ထောင်သားတွေရဲ့အင်္ကျီတွေအကုန် ပန်းရောင်ဖြစ်သွားတဲ့ အခန်းမှာ ကျွန်တော်ရယ်တာ မနည်းရပ်ယူရတယ်။
ကျွန်တော်တို့နေ့စဉ်ဘဝတွေဟာ အမြဲမရွှင်လန်းနိင်ပါဘူး။
ရုပ်ရှင်ကြည့်ပြီး ရယ်မောခြင်းတွေကနေ ပျော်ရွှင်ခြင်းတွေ အခုလို မိသားစု စွန့်စားခန်း ဟာသဇာတ်ကားလေးတွေ ကြည့်ပြီး ပြန်လည် ရရှိခဲ့ရပါတယ်။
Paddington 2 မှာ အပြစ်ပြောစရာနဲ့ပရိသတ်အကြိုက်မတွေ့စရာဆိုလို့တစ်ခုတောင် မရှိခဲ့ပါဘူး။
ပထမဇာတ်ကားကြည့်ဖူးတဲ့သူတွေအတွက်တော့ Paddington ဝက်ဝံလေးနဲ့စိမ်းမှာ မဟုတ်ပါဘူး။
အခုဇာတ်ကားမှာတော့ ကျွန်တော်တို့ဇာတ်လိုက်သူရဲကောင်း Paddington လေးက အရင်အတိုင်း Brown မိသားစုနဲ့အတူတူနေထိုင်နေပြီး Peru မှာ ကျန်ရစ်ခဲ့တဲ့ သူ့အဒေါ် ဝက်ဝံ Lucy ရဲ့နှစ် 100 ပြည့်မွေးနေ့အတွက် ထူးခြားတဲ့လက်ဆောင်တစ်ခုပေးဖို့ စီစဉ်နေတယ်။
ဒီမှာ သူဘာသွားတွေ့ခဲ့သလဲဆိုတော့ London မြို့ကြီးအကြောင်းကို တင်ပြထားတဲ့ Pop-up book တစ်အုပ်ပဲ။
ဖြစ်ချင်တော့ ထိုစာအုပ်ကလည်း တစ်အုပ်ပဲ ကျန်တော့ ထိုစာအုပ်ကိုဝယ်ဖို့Paddington တစ်ယောက် ကျံရာကျပန်းအလုပ်တွေဝင်လုပ်ရင်း ပိုက်ဆံတွေ စုတော့တာပေါ့။
ဖြစ်ချင်တော့ သူစုထားတဲ့ပိုက်ဆံလေး ပြည့်ခါနီးမှာပဲ ထိုစာအုပ်အခိုးခံရတယ်။
ထိုခိုးမှုအတွက် Paddington လေးကို မှားယွင်းပြီး ထောင်ချလိုက်ကြတယ်။
စာအုပ်ကိုလည်း ပြန်ရအောင် ကြိုးစားရင်း တရားခံအစစ်ကိုလည်း ရှာဖွေတဲ့ Paddington ရဲ့စွန့်စားခန်းလေး ဒီမှာတင် စပါတော့တယ်။
Paddington ဆိုတာ စာရေးဆရာ Michael Bond ရဲ့ကလေးစာအုပ် Paddington ထဲက ဝက်ဝံဇာတ်လိုက်ကျော်လေးတစ်ကောင်ပါ။
ကျွန်တော်စောစောကပြောခဲ့သလိုပဲ။ ယခု Paddington 2 ဇာတ်ကားလေးဟာ ရုပ်ရှင်ချစ်သူတွေအတွက် တစ်ခဏတာ ဘဝအမောတွေပြေစေပြီး ကြည်နူးဖို့ကောင်းတဲ့နေရာတစ်ခုကို တစ်ခဏတာတော့ ခေါ်ဆောင်သွားနိုင်လိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။
ဒီဇာတ်ကားဟာ Rotten Tomatoes site မှာ ဝေဖန်ရေးဆရာ အယောက် 220 က Fresh တံဆ်ိပ်တပ်ခဲ့ပြီး လက်ရှိအနေနဲ့ အကောင်းဆုံး review အခံရဆုံး ရုပ်ရှင်အဖြစ် ရုပ်ရှင်သမိုင်းမှာ ကျန်ရစ်နေပါတယ်။
ဒါပေမဲ့ ဝမ်းနည်းဖို့ကောင်းတာတစ်ခုကတော့ ဒီနှစ် Academy က Paddington လေးကို မချစ်ခဲ့ဘူး။
marmalade ရဲ့အရသာကိုလည်း အကြိုက်မတွေ့ခဲ့ကြဘူးနဲ့တူတယ်။ ယဉ်ကျေးမှုတွေခေါင်းပါပြီး ကြင်နာခြင်းတွေကင်းမဲ့နေတဲ့ ယနေ့ကမ္ဘာအတွက် Paddington က အကာင်းမြင်တဲ့ စကားတစ်ခွန်းကို အမြဲပြောခဲ့တယ်။
သူပြောခဲ့တဲ့ စကားအတိုင်းလည်း သူလိုက်နာကျင့်ကြံခဲ့တယ်။ “Aunt Lucy said if we’re kind and polite, the world will be right.”




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open