ဒီကားမှာ နာမည်ကြီးမင်းသား Aaron Eckhart ပါဝင်သရုပ်ဆောင်ထားတဲ့ အမေရိကရဲ့ ကျေးလက်ဒေသဖက်မှာလယ်ပိုင်ရှင် ခြံပိုင်ရှင်တွေရဲ့နွားတွေကိုခိုးထုတ်ပြီးမှောင်ခိုကူးနေတဲ့ နွားမှောင်ခိုသမားတွေကို တိရိစ္ဆာန်စစ်ဆေးရေးဌာက ဖရန့်ခ်နဲ့သူငယ်ချင်းစတုန်းကမ့်ပ်တို့က မတော်တဆတွေ့ရှိသွားပြီး လိုက်ဖမ်းရာကနေမထင်မှတ်ထားလောက်အောင် ပွဲကြမ်းသွားပုံကိုရိုက်ကူးထားတဲ့ Action, Crime, Thrille ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်း
အမေရိကရဲ့ ဥပဒေစိုးမိုးမှုမရှိတဲ့နယ်စပ်နယ်မြေတစ်ခုမှာ တာဝန်ထမ်းဆောင်နေရတဲ့ မွေးမြူရေးဌာနက အရာရှိ ဖရန့်ခ်နဲ့ စတုန်းကမ့်ပ် တို့ဟာ တိရိစ္ဆာန်ခိုးမှုတွေနဲ့ကြုံတွေ့နေရပါတယ်။
စတုန်းကမ့်ပ် ဟာ သူ့မိန်းမကိုယ်ဝန်၄ယောက်မြောက်ရှိပြီမလို့ စားဝတ်နေရေးအတွက် မြို့ကိုပြောင်းရတော့မှာမလို့ သူဝါသနာပါတဲ့အလုပ်ကနေထွက်စာတင်ဖို့ သူ့သူငယ်ချင်း ဖရန့်ခ်ကိုအသိပေးပြီး စားသောက်ဆိုင်တစ်ခုမှာနှုတ်ဆက်နေခဲ့ပါတယ်။
အပြန်လမ်းမှာ တရားမဝင်နွားမှောင်ခိုတင်လာတဲ့ ကား၃စီးကိုတွေ့လိုက်ရတဲ့အခါ တာဝန်ရဲ့ နောက်ဆုံးညအနေနဲ့ လိုက်စုံစမ်းရင်း မှောင်ခိုသမားတွေရဲ့ နွားအတင်အချလုပ်နေတဲ့နေရာထိ ရောက်သွားပါတော့တယ်။
နယ်ဖက်ဖြစ်တာမလို့ လိုင်းကလည်းမမိတာနဲ့ နှစ်ယောက်တည်းပဲ ဝင်စီးဖို့လုပ်လိုက်ရာကနေ မထင်မှတ်ထားဘဲ စတုန်းကမ့်ပ်က အပစ်ခံရလိုက်ရပြီး ဖရန့်ခ်လဲထွက်ပြေးလာရပါတော့တယ်။
အိမ်မှာဇနီးသည်နဲ့ ကလေး၄ယောက်ရဲ့ဖခင်ဖြစ်သူ သူငယ်ချင်းစတုန်းကမ့်ပ်သေသွားတာကြောင့် ဖရန့်ခ်လဲ ယူကြုံးမရဖြစ်ပြီး ဘယ်လိုတွေတောင်ပွဲလိုက်ကြမ်းမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။