ဒီဇာတ်လမ်းထဲက ဇာတ်လိုက်နဲ့ လိုက်ဖက်ပါတယ်။
သူ့မှာ မွေးရာပါ မျိုးဗီဇရောဂါတစ်ခုဖြစ်တဲ့ Congenital Insensitivity to Pain with Anhidrosis (CIPA) မွေးရာပါ နာကျင်မှုကို မခံစားနိုင်ခြင်းနဲ့ ချွေးမထွက်ခြင်း ရောဂါ ရှိနေတာပါ။ ပုံမှန်အားဖြင့် ဒီရောဂါရှင်တွေဟာ အသက် ၂၅ ကျော်တာ ရှားပါတယ်။
ဘာလို့လဲဆိုတော့ နာကျင်မှုဆိုတာ လူတွေအသက် ရှင်ဖို့ မဖြစ်မနေလိုအပ်တဲ့အရာပဲ ဖြစ်လို့ပါပဲ။
နာကျင်မှုမရှိတဲ့အခါ ဒဏ်ရာတွေရရင်လည်းမသိ အစားစားနေရင် လျှာကိုကိုက်မိရင်တောင် မသိ နိုင်တာမို့ အသက်သေဆုံးနိုင်ချေ အရမ်းမြင့်ပါတယ်။ ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ကတော့ အရမ်းကို သတိ ကြီးကြီးနဲ့အသက်ရှင်ခဲ့ပြီး စားစရာကိုတောင် အရည်ပဲ သောက်တာမို့ အရွယ်ရောက်လာတဲ့အပြင် ဘဏ်မှာ လက်ထောက်မန်နေဂျာတောင်ဖြစ်လာပြီဖြစ်ပါတယ်။
ဘဏ်မှာတွေ့တဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မိ ပြီးခါမှ ဘဏ်ကို ဓားပြတိုက်ခံရပြီး သူ့ကောင်မလေးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားကြပါတယ်။
ဘာမှ တိုက်ခိုက်တတ်တာမရှိပေမဲ့ ဘာလုပ်လုပ် မနာတဲ့ ကောင် ပြုတ်မနူးဆိုတော့ ကားတစ်စီးနဲ့ ဓားပြတွေကို နောက်က လိုက်ကျုံးပြီး ကောင်မလေးကို ကယ်ဖို့ ကြိုးစားရပါတော့တယ်။
အဓိကကြည့်ရမှာကတော့ အက်ရှင်ခန်းကြမ်းကြမ်းတွေ ဟာသတွေနဲ့ လှည့်ကွက်လေးတွေ ဖြစ်လို့ ဒီလိုစတိုင်မျိုး ကြိုက်တတ်တဲ့သူတွေအတွက်တော့ လက်လွတ်မခံ သင့်ပါဘူး။