ဇာတ်လမ်းလေးရဲ့ အကြောင်းအရာကတော့ ဂျိတ်ခ်ဟော်ပါဆိုတဲ့သူဟာ အမေရိကန်ရဲ့ သူလျှိအဖြစ်နဲ့အရှေ့တောင်အာရှမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အနားယူလိုက်တာ ၁၀ နှစ်ရှိသွားခဲ့ပါပြီ။တစ်နေ့မှာ ဂျိတ်ခ်ရဲ့သမီး ဂျက်စီကာနဲ့အတူ သူ့သူငယ်ချင်းတွေက ထိုင်းကိုအလည်သွားကြပါတယ်။တောမှာအပန်းဖြေခရီးထွက်ရင်းကနေ အကြမ်းဖက်လက်နက်ကိုင်အဖွဲဖြစ်တဲ့ အာဘူကာရက်ဖ်ဟာ ဂျက်စီကာတိုကိုပြန်ပေးဆွဲသွားလိုက်ပါတယ်။
ပြန်ပေးဆွဲရချင်းက ဂျက်စီကာရဲ့သူငယ်ချင်းဖြစ်သူဟာ အမေရိကန်ရဲ့လွှတ်တော်အမတ် ဂျောန်ဝင်းသရုတ်ရဲ့သမီးဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒီသတင်းကို ဟော်ပါကြားလိုက်ရပြီး သူ့သမီးကိုပြန်လည်ကယ်တင်ဖို ထိုင်းကိုသူလာခဲ့ပါတော့တယ်။ထိုင်းရောက်တော့ သူ့ရဲ့အရင်အလုပ်အကိုင်က သူငယ်ချင်းတွေနဲ့ ပြန်လည်ချိတ်ဆက်ပြီး သဲလွန်စရှာဖွေရာကနေ အာဘူကာရက်ဖ်တိုဟာ တကယ်ပဲပြန်ပေးဆွဲသူတရားခံလား ဒါမှမဟုတ် အစိုးရရဲ့အထက်အရာရှိတွေကပဲ ပြဇာတ်ရဲ့နောက်ခံကနေ ကြိုးကိုင်နေတာလားဆိုတာကို ဟော်ပါဟာသူ့သမီးကိုကယ်တင်ရင်း ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကိုတော့.....