Ad P1
Ad P2

The Terminal List (2022)

Premium By Shine Design With Shroff Templates
Poster
⭐️8.1


#Season 2 လည်းလာတော့မှာဆိုတော့ အရမ်းမိုက်တဲ့ စီးရီးလေးတစ်ခု ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် Guardian of the Galaxy တို့ Jurassic World တို့နဲ့ နာမည်ကြီးနေတဲ့ မင်းသား ခရစ် ပရက်ဟာ အခုတော့ အက်ရှင်စီးရီးအကောင်းစားတစ်ခုမှာ ပါဝင်လာပါပြီ။ ရုပ်ရှင်အဆင့်တန်းမျိုးနဲ့ ဘက်ဂျက်ကောင်းကောင်းနဲ့ရိုက် ထားတာမို့ တဝကြီးကြည့်ရမှာပါ။ ခရစ်ပရက်ကတော့ SEALအထူးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး ဂျိမ်းစ်ရိစ်နေရာကနေ ပါဝင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ရိစ်ရဲ့ တပ်စိတ်ဟာ သတင်းပေးဆီက သတင်းအခိုင် အမာရပြီးအကြမ်းဖက်ခေါင်းဆောင် ကဟာနီရဲ့ လျို့ဝှက်စခန်းကို ဝင်စီးကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါက ထောင်ချောက်ဖြစ်နေပြီ ရိစ်ရဲ့ တပ်ဖွဲ့တစ်ခုလုံး ကျဆုံးသွားခဲ့ပြီး ရိစ် တစ်ယောက်ပဲ အသက်ရှင်လျက်လွတ်မြောက်ခဲ့ပါတယ်။ သူလည်း ခေါင်းထိသွားပြီး ပြန်သတိရလာချိန်မှာ စစ်ဆင်ရေးမှတ်တမ်းတွေရော အချက်အလက်တွေရောက သူမမှတ်သလိုလို ပြင်ဆင်ထားသလိုလို မှားနေသလို လိုဖြစ်လာပါတယ်။ ဒါပေမဲ့ သူပြောတာကိုလည်း ဘယ်သူမှ မယုံဘဲ သူ့ကိုခေါင်းထိ ထားလို့ ကောင်းကောင်းနားဖို့ပဲ ဝိုင်းပြောလာကြတယ်။ ဒါပေမဲ့ အမေရိကန်မြေ ပေါ်မှာပါ ဒီကိစ္စအတွက် သူ့ကိုလုပ်ကြံသူပေါ်လာတဲ့အခါ ရိစ်တစ်ယောက် အဖြေ တွေကိုရှာဖွေရင်း အသက်ရှင်ဖို့ တိုက်ခိုက်ရပါတော့တယ်…. (ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...