Ad P1
Ad P2

A Taxi Driver (2017)

Premium By Shine Design With Shroff Templates
Poster
⭐️8.0


၁၉၈၀ ခုနှစ် ၅.၁၈ ဂွမ်ဂျူ ဒီမိုကရေစီလှုပ်ရှားမှုအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ လက်ရာမြောက် ရုပ်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့တော့ မင်းသားကြီး Song Kang-Ho နဲ့ဂျာမန်မင်းသား Thomas Kretschmann တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။– ဇာတ်လမ်းအကျဉ်း –တောင်ကိုးရီးယား ဂွမ်ဂျူမြို့ တစ်မြို့လုံးဟာ စစ်တပ်ရဲ့ ပိတ်ဆို့ခြင်းကို ခံထားရပြီးတက္ကသိုလ်တွေလည်း ပိတ်၊ ဖုန်းလိုင်းတွေလည်း ပြတ် ၊ ဒီမိုကရေစီလှုပ်ရှားသူတော်တော်များများလည်း သေကြေနေကြတဲ့ ၁၉၈၀ နွေဦး…အဆိုပါ ဂွမ်ဂျူအရေးအခင်းအကြောင်းကို သတင်းလိုက်ဖို့အတွက် ဂျာမန်သတင်းထောက်ဟင့်ဇ် ပီတာ (Thomas Kretschmann) က ကိုးရီးယားကို ရောက်လာပါတော့တယ်။တစ်ဖက်မှာလည်း စီးပွားမပြေလည်တဲ့အတွက် အိမ်လခ ၄ လစာ‌တောင် ပေးဖို့ ကျန်နေသေးတဲ့တက္ကစီယာဉ်မောင်း ဂင်မန်ဆော့ (Song Kang-Ho) ဟာ ဂွမ်ဂျူမြို့ကို နေ့ချင်းပြန်သွားဖို့အတွက်တက္ကစီကို ဈေးကြီးပေးငှားနေကြောင်း ကြားသိလိုက်ရတဲ့အခါ…ယာဉ်မောင်း ဂင်မန်ဆော့နဲ့အတူ ဂျာမန်သတင်းထောက် ပီတာတို့နှစ်ဦး ဂွမ်ဂျူမြို့လေးဆီ အတူ သွားကြပြီးဂွမ်ဂျူသတင်းကို တစ်ကမ္ဘာလုံးသိအောင် ချပြဖို့အတွက် သူတို့နှစ်ဦးနဲ့အတူ ဂွမ်ဂျူနေပြည်သူများကဘယ်လိုတွေ ကြိုးပမ်းခဲ့လဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ပြန်လည် ခံစားကြည့်ရှုလိုက်ကြပါဦး။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...