Ad P1
Ad P2

Se7en (1995)

Premium By Shine Design With Shroff Templates
Poster
⭐️8.6


ဘဝမှာ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုကြည့်ပြီး ဘယ်တော့မှမေ့ဖျောက်လို့ မရနိုင်တော့တဲ့ အဖြစ်မျိုးဖြစ်ဖူးပါသလားခင်ဗျာ။ ဖြစ်ခဲ့ဖူးတယ်ဆိုရင်တောင် အခုဇာတ်ကားကို ကြည့်လိုက်ရင် အရင်ကစွဲလန်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ မှေးမှိန်သွားနိုင်ပါတယ်။ အထူးသဖြင့်ကတော့ သည်းထိတ်ရင်ဖို ရုပ်ရှင်နှစ်သက်သူတွေပေါ့ဗျာ။ သည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားတွေထဲမှာ ဂန္တဝင်ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကို အညွှန်းရေးရင် ကျွန်တော် သတိအထားဆုံးအရာက Spoil လုပ်လိုက်မိမှာကိုပါ။ တချို့ဇာတ်ကားတွေမှာ ဒါက သိပ်မသိသာပေမယ့် အလှည့်အပြောင်း အဝေ့အဝိုက်များတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားတွေမှာ အရမ်းသိသာပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာဆို ပိုတောင်သိသာပါတယ်။ ဒါကြောင့် အညွှန်းကို သဘောလောက်ပဲ ရေးပေးပါရစေ။ ဇာတ်လမ်းကဒီလိုပါ….. ဝီလီယမ် ဆမ်မာဆတ်( Morgan Freeman)ဟာ ရာဇဝတ်မှုတွေထူပြောတဲ့မြို့လေးတစ်မြို့က အမှုလိုက်အရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူ့လုပ်သက်တစ်လျှောက်လုံးမှာ တွေ့ကြုံခဲ့ရတဲ့ ရာဇဝတ်မှုတွေကြောင့် မြို့ကိုရော သူ့ရဲ့အလုပ်ကိုပါစိတ်ကုန်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူအနားယူဖို့ တစ်ပါတ်အလိုမှာ သူ့နေရာကို ဆက်လက်တာဝန်လွှဲပြောင်းယူရမယ့် ဒေးဗစ်မီလ် (Brad Pitt)ဆိုတဲ့ အမှုလိုက်အရာရှိအသစ်တစ်ယောက် ရောက်လာခဲ့ပါတယ်။ မီလ် ကတော့ ဆမ်မာဆတ်နဲ့ ကွဲပြားစွာပဲ တာဝန်ထမ်းဆောင်ဖို့ အလွန် တက်ကြွနေပြီး ဒီမြို့ကလေးအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲကို ဖော်ဆောင်ပေးချင်နေတဲ့သူပါ။ မီလ်ဟာ လူငယ်လည်းဖြစ်တဲ့ အလျောက် စိတ်မြန်လက်မြန်ရှိပြီး ခေါင်းမာတဲ့သူတစ်ယာက်လည် ဖြစ်ပါတယ်။ မီလ်မှာ့ သူ့ကိုအရမ်းချစ်ပြီး နားလည်မှုလည်းရှိတဲ့ ချစ်စရာကောင်းတဲ့ ထရေစီ (Gwyneth Patrow)ဆိုတဲ့ ဇနီးတစ်ယောက်ရှိပါတယ်။ ထရေစီဟာ သူ့ခင်ပွန်းနဲ့ အတူတွဲပြီး အလုပ်လုပ်ရမယ့် ဆမ်မာဆတ်ကို ညစာဖိတ်ကျွေးရင်း သူတို့တွေ ရင်းနှီးခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ဆမ်မာဆတ်နဲ့မီလ်ဟာ အတူတွဲပြီး အလွန်ရက်စက်ပြီး ထူးဆန်းတဲ့လူသတ်မှုတစ်ခုကို စုံစမ်းဖို့ဖြစ်လာပါတယ်။ အဲဒီအမှုကို စုံစမ်းထောက်လှမ်းရင်းနဲ့ ဆမ်မာဆတ်နဲ့ မီလ်တို့နှစ်ယောက် ဘယ်လိုအဖြစ်အပျက်တွေနဲ့ ဆက်လက်ကြုံတွေ့ပြီး ဘယ်လိုဖြစ်ပျက်ကြမယ်ဆိုတာကိုတော့……ဇာတ်ကားကိုသာ ဆက်လက်ကြည့်ရှုခံစားလှည့်ကြပါလို့ပြောပါရစေ။ ဒီဇာတ်ကားကို MMDB ရဲ့ Page မှာလည်းရေးသားဖော်ပြထားပါတယ်။ ဇာတ်လမ်းအညွှန်းကို ဒီလောက်နဲ့အားမရရင်တော့ အဲဒီမှာ သွားရောက်ဖတ်ရှုခံစားနိုင်ပါတယ်။ ဒါပေမယ့် အဲဒီပို့စ်မှာလည်း မကြည့်ရသေးသူများအနေနဲ့ ပို့စ်ကိုအရင် မဖတ်ကြဘဲ ဇာတ်ကားကို အရင်ကြည့်ရှုကြသင့်ကြောင်း တိုက်တွန်းပြောကြားထားပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...