⭐️6.2
၂၀၂၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ အမေရိကန် Crime thriller ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ John Swab က ရိုက်ကူးထားပါတယ်။
အဓိကဇာတ်ကောင်တွေအဖြစ် James Badge Dale, Michael Mando, George Carroll, Ben Foster စတဲ့ သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။အမေရိကန်နိုင်ငံရဲ့ ဖန်တနောလ်မူးယစ်ဆေးအကျပ်အတည်းကို ကြမ်းကြမ်းတမ်းတမ်း documentary စတိုင်လ် ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင် မူးယစ်ဆေးဂိုဏ်းတွေအခြေစိုက်ရာမြို့ထဲက ဒုစရိုက်မှုတွေ ဆေးလွန်မှုတွေကို မြို့နယ်ရဲဌာနအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ကြိုးစားရင်းဇာတ်ရှိန်မြင့်လာပြီးတော့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ ပါဝင်ပတ်သတ်နေတဲ့သူတွေကို ဖော်ထုတ်ကြပုံကို ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းတစ်ခုတည်းကို ရှုထောင့်ပေါင်းစုံကနေ ခံစားချက်မျိုးစုံရအောင် ရိုက်ကူးပြသထားပြီးတော့ ကြည့်ရှုသူတွေကို အမျိုးမျိုးသောဇာတ်ကောင်တွေနေရာကနေဝင်ရောက်ခံစားရစေပါတယ်။ IMDb မှာလည်း rating ကောင်းတစ်ခုကို ရရှိထားပါတယ်။