⭐️7.6
ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက
တစ်ခု ကို ဘာသာပြန်၊ ကွာလတီ
အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။
Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။ ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့
ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့
စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။
ဇာတ်ကားရဲ့နာမည်ဟာ ရောမစာရေးဆရာ
ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး
လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။
noui consilia et ueteres quaecumque monetis amici,
“pone seram, cohibe”.
sed quis custodiet ipsos custodes
ငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊
မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊
ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။
ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး
အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး မေးခွန်းထုတ်ခဲ့တာပါ။
ဇာတ်လမ်းအကျဉ်း
ဒီရုပ်ရှင်ကိုတော့ အခြားအပြိုင်စကြဝဠာတစ်ခုမှာ
ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။
အဲဒီစကြဝဠာမှာ ဒေါက်တာမန်ဟက်တန်ရဲ့ အကူအညီနဲ့
အမေရိကန်တွေ ဗီယက်နမ်မှာ စစ်နိုင်ခဲ့ပြီး
အမေရိကန်ပြည်နယ် ၅၁ ခုဖြစ်သွားတာမို့ ရုပ်ရှင်ထဲက အမေရိကန်အလံတိုင်းမှာကြယ် ၅၁ လုံးပါဝင်နေတာကို တွေ့ပါလိမ့်မယ်။
အပြင်လောက အလံအစစ်က ပြည်နယ် ၅၀ ကိုကိုယ်စားပြုတဲ့ ကြယ် ၅၀ ပဲ ပါဝင်တာပါ။
စူပါဟီးရိုးအဖွဲ့က ရဲတွေကနေ အစပြုတာပါပဲ။
ရဲအချို့ဟာ သူတို့ဖမ်းသမျှလူဆိုးတိုင်း ပြန်ပြန်လွတ်လာကြတာကို
သည်းမခံနိုင်တော့တဲ့အတွက် မျက်နှာဖုံးတွေစွပ်ပြီး
ဥပဒေပြင်ပ ရာဇဝတ်တိုက်ဖျက်ရေး ဗီဂျလန်တီတွေအဖြစ် လုပ်ဆောင်လာကြပါတယ်။
အဲဒီကနေမှ 1939 လောက်မှာ မျက်နှာဖုံးစွပ် ဝက်ချ်မန်းအဖွဲ့စတင်ခဲ့တာပါ။
အစပိုင်းမှာ အလုပ်ဖြစ်ခဲ့သလို ပြည်သူတွေက ထောက်ခံခဲ့ပေမဲ့
၁၉၇၇ မှာ မျက်နှာဖုံးစွပ်ဗီဂျလန်တီတွေကို
တရားမဝင်ကြေညာတဲ့ဥပဒေထွက်ပေါ်လာပြီး ဝက်ချ်မန်းအဖွဲ့အနားယူသွားခဲ့ပါတယ်။
တရားမဝင်ကြေညာထားတာကို ဂရုမစိုက်ဘဲ
ဝရမ်းပြေးအဖြစ် ဆက်လုပ်နေတဲ့သူကတော့
ရော်ရှက်တစ်ယောက်ပဲ ကျန်ပါတော့တယ်။
ဇာတ်လမ်းစတင်ချိန်ကတော့ ၁၉၈၅ ဝန်းကျင်
စစ်အေးတိုက်ပွဲ အရှိန်အမြင့်ဆုံးအချိန်၊ အမေရိကန်နဲ့ဆိုဗီယက်
အဏုမြူစစ်ကြောင့် ကမ္ဘာကြီးပျက်စီးလုနီးနီးကာလမှာပါ။
အနားယူသွားတဲ့ ဝက်ချ်မန်းအဖွဲ့ထဲက ကော်မီဒီယံ(ဟာသသမား)ဆိုတဲ့သူ
အသတ်ခံရပြီးနောက်မှာ ရော်ရှက်က မျက်နှာဖုံးစွပ်ဗီဂျလန်တီတွေကိုပစ်မှတ်ထားပြီး
လုပ်ကြံတဲ့သူရှိနေပြီလို့ သံသယရှိတဲ့အတွက် လိုက်စုံစမ်းလာခဲ့ပါတယ်။
အဲဒီကမှ ဝက်ချ်မန်းအဖွဲ့ထဲက ကမ္ဘာ့ဉာဏ်အကောင်းဆုံးလူသားဆိုတဲ့
အိုဇီမန်းဒီးရက်အပြင် နိုက်အောင်း၊ ဒေါက်တာမန်ဟက်တန်တို့ပါ
ပတ်သက်လာပြီး ဝက်ချ်မန်းတွေလုပ်ကြံခံနေရတဲ့နောက်ကွယ်က
အကြီးဆုံးအန္တရာယ်ကြီးတွေကို တွေ့ရှိလာပါတော့တယ်