⭐️7.6
Korean မင်းသား Jang Dong-gun (ဒါရိုက်တာရင်)ရယ် မင်းသား Joe Odagiri ရယ် မင်းသမီး Fan Bingbing တို့ရယ် ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးတစ်ကားပါပဲ……ကိုယ့်နိုင်ငံအတွက် စစ်ပွဲကလွဲရင် ဒုတိယကမ္ဘာစစ်တလျောက်လုံး ဘက်ပေါင်းစုံလိုလိုမှာ ၀င်တိုက်ခဲ့ရတဲ့ အိမ်မက်ကိုလက်မလျှော့ခဲ့သူတစ်ယောက်အကြောင်း။
ဂင်ဂျွန်းရှစ်။ ကိုးရီးယားကို ဂျပန်တွေ အုပ်စိုးချိန် ဂျပန်စစ်တပ်အရာရှိကြီးတစ်ယောက်ရဲ့အိမ်က အလုပ်သမားတစ်ယောက်ရဲ့သား။ အပြေးမြန်ပြီး အိုလံပစ်မာရသွန်ရွှေတံဆိပ်ဆုရှင်ဖြစ်ချင်သူ။ သူနဲ့သက်တူရွယ်တူ ဂျပန်အရာရှိကြီးရဲ့မြေး ဟာဆဲဂါ၀နဲ့ အမြဲတမ်းယှဉ်ပြိုင်နေကြတာကြောင့် ပြိုင်ဖက်တွေဖြစ်လာခဲ့ကြပေမဲ့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ဂင်ဂျွန်းရှစ် အရွယ်ကောင်းတုန်းမှာ လန်ချားဆွဲသမားဖြစ်သွားရတယ်။လက်မလျှော့ခဲ့တဲ့သူ့အတွက် အခွင့်အရေးနောက်ထပ်တစ်ကြိမ် ရောက်လာခဲ့ပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်မှာတော့ သူတိုတွေရဲ့အိပ်မက်ဟာ မှေးမှိန်သွားရတယ်။ ဂင်ဂျွန်းရှစ်နဲ့ဟာဆဲဂါ၀တို တစ်ဖန်ပြန်ဆုံချိန်မှာတော့ မာရသွန်ပြေးလမ်းပေါ်မဟုတ်ဘဲ စစ်မြေပြင်ပေါ်မှာ။ ဂင်ဂျွန်းရှစ်နဲ့ဟာဆဲဂါ၀တိုဟာ တိုက်ပွဲပေါင်းမြောက်မြားစွာ တိုက်ခိုက်လာရတဲ့အချိန်မှာတော့ သူတိုရဲ့အိပ်မက်က အိုလံပစ်ရွှေတံဆိပ်ဆုမဟုတ်ဘဲ အိမ်ကိုရောက်အောင်ပြေးသွားဖိုပဲ ဖြစ်လာခဲ့တော့ ဂင်ဂျွန်းရှစ်တို အိမ်ပြန်ရောက်နိုင်ကြမလား…..(ဖြစ်ရပ်မှန်ပေါ် အခြေခံ၍ ရိုက်ကူးသည်။)