⭐️5.1
အခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဟာသအချစ်ဇာတ်မြူးကားလေး ပဲဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်း
****
ပိုင်ဆိုင်မှုထိန်းသိမ်းရေး မန်နေဂျာတစ်ယောက်ဖြစ်တဲ့ ဂျောင်ဆွန်းဖီး(Lee Bum Soo) တစ်ယောက် ချစ်သူဖြစ်သူ ယူမီဆွန်း (Kim Gyu Ri) နဲ့အတူ မင်္ဂလာဝတ်စုံသွားကြည့်ပြီး အပြန် စီးကရက်သောက်ချင်တာကြောင့် ဆင်းဝယ်ရင်း ပျောက်ဆုံးသွားပါတော့တယ်. ထိုလူပျောက်မှုကို ကိုင်တွယ်ရသူ စုံထောက်ဘတ်ဆိုသူဟာ သူ့ချစ်သူ မိန်းကလေးက သူ့ကို လိမ်လည်ကာ ပိုက်ဆံတွေ ယူပြေးသွားတာမို့လို့ ဘာနေနေ မိန်းမတွေကိုပဲ တရားခံလို့ထင်နေတဲ့အခါ ပျောက်ဆုံးသူ ဂျောင်ဆွန်းဖီးနဲ့ စေ့စပ်ထားတဲ့သူ ယူမီဆွန်းတစ်ယောက် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲ ဂျောင်ဆွန်းဖီးကိုရော ဘယ်လိုပြန်တွေ့အောင် ရှာကြမလဲဆိုတာကို ဟာသဆန်ဆန် romantic ဆန်ဆန်လေး ရိုက်ပြထားတာမို့လို့ ကြည့်ရှုပေးကြပါဦးနော်။