Ad P1
Ad P2

Chernobyl (2019)

Premium By Shine Design With Shroff Templates
Poster
⭐️9.7


လူတစ်သိန်းလောက်ရဲ့ vote နဲ့ Imdb မှာ 9.7 ရပါတယ်လို့ ပြောရင် ဆက်ညွှန်းစရာမလိုဘဲတောင် ကြည့်ချင်ကြမယ်ထင်ပါတယ်။ ဒါပေမယ့် နည်းနည်းလေး လျှာထပ်ရှည်ပါရစေ။ ဒီစီးရီးကို HBO က ပြသခဲ့ပြီး အပိုင်း ၅ ပိုင်းပါဝင်မှာဖြစ်ပါတယ်။ HBO ရဲ့ အအောင်မြင်ဆုံးစီးရီးတွေထဲက တစ်ခုပါပဲ။ ၁၉၈၆ ဧပရယ်လမှာ ဆိုဗီယက်ပြည်ထောင်စု၊ ယူကရိန်း နဲ့ ဘီလာရုစ် နယ်မြေကြား ချာနိုဘယ်မှာဖြစ်ခဲ့တဲ့ ကမ္ဘာကျော် အနုမြူဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှုအကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး တင်ဆင်ထားတာပါ။ ဒီကပ်ဆိုးကို ထိန်းသိမ်းဖို့ ရူဘယ် ၁၈ ဘီလီယံကျော်ကုန်ကျခဲ့ပြီး လူသိန်းနဲ့ချီပြီး လုပ်ကိုင်ခဲ့ရတာပါ။ အမေရိကန် နဲ့ အားပြိုင်နေချိန်မှာ ဖြစ်ခဲ့တဲ့ အဖြစ်ဆိုးဖြစ်တဲ့အတွက် တရားဝင်ကြေညာတဲ့ အသေအပျောက်စာရင်းဟာ အတော်ကိုလျှော့ပေါ့ထားမယ့်ပုံပေါ်ပါတယ်။ သမိုင်းရဲ့အကြီးဆုံးအနုမြူကပ်ဘေးကို ကျော်လွှားဖို့ ပါဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေအကြောင်းကို အဓိက ဇာတ်ကောင် သိပ္ပံပညာရှင်နှစ်ယောက်ကို အခြေတည်ပြီး ရိုက်ကူးပြထားပါတယ်။ မပြန်လမ်းမှန်းသိသိကြီးနဲ့ ဝင်သွားခဲ့တဲ့ သူရဲကောင်းတွေ၊ ဝင်လိုက်တာနဲ့ သေမိန့်ချပြီးသားလိုဖြစ်နေတဲ့ နယ်မြေထဲမှာ အကြာကြီး လုပ်ကိုင်ခဲ့ကြတာတွေကို တွေ့ပါလိမ့်မယ်။ စီးရီးဆိုပေမယ့် ၅ နာရီစာ ရုပ်ရှင်ကောင်းကြီးတစ်ခုကို ကြည့်လိုက်ရသလိုပါပဲ။ အပိုအလိုမရှိတဲ့ ဇာတ်လမ်း၊ ဒိုင်ယာလော့၊ ရိုက်ချက်၊ အသံ အကုန်ကောင်းမွန်ပါတယ်။ ဒီစီးရီးရဲ့ ဇာတ်လမ်းကို ခံစားနိုင်ရုံတင်မကဘဲ၊ အနုမြူအန္တရာယ်အကြောင်း ဗဟုသုတတွေ၊ သူတို့တွေ လုပ်ပုံကိုင်ပုံတွေကိုပါ ဗဟုသုတအဖြစ် ရှင်းရှင်းလင်းလင်းမြင်ရမှာပါ။ ဇာတ်လမ်းအစကိုတော့ ဓာတ်ပေါင်းဖိုပေါက်ကွဲတာကနေစထားတာမို့ စကတည်းက အရှိန်က တက်သွားလိုက်တာ ပြန်ကိုမကျတော့ပါဘူး။ အဲဒီအစမှာတော့ ဝန်ထမ်းတွေ တရားရစရာလေးတွေ တွေ့ပါဦးမယ်။ ပြဿနာကြီးဖြစ်တာနဲ့ အပြစ်တင်စရာလူပတ်ရှာတဲ့ လူကြီးတွေ၊ အထက်ကို ဖုံးဖုံးဖိဖိ တင်ပြကြတဲ့ လူကြီးတွေက စတာပါပဲ။ အဲဒီနောက်မှာတော့ ပြဿနာကိုဖြေရှင်းဖို့အပြင် နိုင်ငံသိက္ခာမကျဖို့ ဖုံးဖုံးကွယ်ကွယ်လုပ်ကြတာပါ။ ပေါင်းလိုက်တော့ မသေသင့်ဘဲ သေသွားရတဲ့ လူဦးရေ အတော်ကိုများသွားခဲ့မှာပါပဲ။ ကြည့်မိတဲ့လူအားလုံးကြိုက်ကြမယ်ထင်ပါတယ်။ ကြည့်ကိုကြည့်သင့်တဲ့ စီးရီးတစ်ခုပါပဲ။ သိပ္ပံအသုံးအနှုန်းလေးတွေ အဆင်ပြေသလို ဘာသာပြန်ထားတာကိုတော့ သည်းခံကြည့်ပေးကြပါဦး။ Translated by ~~~ Littleneo Encoded by ~~~ Phyo Pyae & Treasure Htet




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...