⭐️7.6
Endgame အပြီးမှာ အမာခံတွေကလွဲရင် ပရိသတ်တွေကို ဖမ်းစားနိုင်စွမ်းလျော့နေတဲ့ ဇာတ်ကားတွေ ဆက်တိုက်ထွက်နေအပြီးမှာတော့ အခု အရင်လို ပြန်အရှိန်တက်တဲ့ ရုပ်ရှင်ကောင်းမျိုးထွက်လာပါတယ်။
ဇာတ်လမ်း၊ အထူးပြုလုပ်ချက်၊ မပေါတဲ့ဟာသတွေ စသဖြင့် အဆင့်မီမီလေး ကြည့်နိုင်ပါပြီ။ ဒါရိုက်တာ Matt Shakman ကလည်း the boys တို့ game of thrones တို့မှာ အပိုင်းတွေ ဝင်ရိုက်ပေးနေကျမို့ ဆရာပါပဲ။
သရုပ်ဆောင်တွေကလည်း Pedro Pascal, Vanessa Kirby တို့ အစွမ်းပြထားသလို မီးလူသားအဖြစ် ပါဝင်ထားတဲ့ Joseph Quinn ကလည်း Stranger Things မှာကတည်းက ကောင်းခဲ့တဲ့သူဖြစ်သလို ဒီရုပ်ရှင်မှာလည်း သူရဲကောင်းဆန်ဆန် ပုံဖော်ပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်လမ်းကိုတော့ အပြိုင်ကမ္ဘာ-၈၂၈ မှာ အခြေခံထားပြီး အဓိကကမ္ဘာဖြစ်တဲ့ ၆၁၆ နဲ့ နောက်ပိုင်းမှာ ပေါင်းစပ်လာပါလိမ့်မယ်။