⭐️7.1
ဒီဇာတ်ကားလေးကတော့ 2025 ခုနှစ်ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ drama thriller အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
IMDb raring အနေနဲ့လည်း 7.2 ထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
ဒါရိုက်တာ Nick Rowland ရိုက်ကူးထားပြီး Ana Sophia Heger နဲ့ Taron Egerton တို့အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
နှစ်ပေါင်းများစွာ ထောင်ကျပြီးနောက် ထောင်ကလွတ်လာတဲ့ နိတ်ဟာ ဘဝကိုအသစ်ပြန်စဖို့အတွက် သူထောင်ထဲမှာ အလုပ်လုပ်ပေးခဲ့ဖူးတဲ့ ရာဇဝတ်ဂိုဏ်းနဲ့ အဆက်အသွယ်ဖြတ်လိုက်ပါတယ်။
အဲဒီဂိုဏ်းကလည်းပဲ သူနဲ့သူ့မိသားစုကို ပြန်ပြီးလက်စားချေဖို့ ကြိုးပမ်းပါတော့တယ်။
နိတ်ရဲ့ဇနီးဟောင်းဖြစ်သူနဲ့ အစ်ကိုဖြစ်သူတို့ကတော့ ရာဇဝတ်ဂိုဏ်းရဲ့ လက်ချက်ကြောင့်ပဲ သေဆုံးသွားခဲ့ရပြီး ကျန်ခဲ့တဲ့ အသက် 11 နှစ်အရွယ်သမီးလေး ပေါ်လီကိုခေါ်ကို ခေါ်ပြီးတော့ ထွက်ပြေးဖို့လုပ်ရပါတော့တယ်။
သားအဖနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ကူညီပြီး ထွက်ပြေးကြရင်း သံယောဇဉ်တွေခိုင်မြဲလာပြီး နောက်ဆုံးမှာ သူတို့နှစ်ယောက် ရန်သူတွေလက်ထဲကနေ ဘယ်လိုရုန်းကန်ထွက်ပြေးကြလဲ လွတ်မြောက်သွားမလားဆိုတာ စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။