Ad P1
Ad P2

Kingdom (2025)

Premium By Shine Design With Shroff Templates
Poster
⭐️5.9


Vijay Deverakonda ရဲ့ ရုံတင်အက်ရှင်ဇာတ်ကားကြီး ထွက်ရှိလို့ လာခဲ့ပါပြီ။ 1920ခုနှစ်မှာ ဗြိတိသျှတွေရဲ့ ရွှေတူးဖော်မှုကြောင့်နဲ့ လူမျိုးနွယ်တစ်စုလုံး ဖျက်ဆီးခံရပြီး သူတို့မျိုးနွယ်စုရဲ့ ဘုရင်ဟာလည်း အသက်ဆုံးပါးသွားခဲ့ရပါတယ်။ ဒီမျိုးနွယ်စုကို ဆက်လက်ရှင်သန်နိုင်ဖို့ မျိုးဆက်သစ်လူငယ်လေးတွေကိုတော့ လူကြီးများဟာ အသက်ပေးကာကွယ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လူငယ်လေးတွေဟာ သူတို့ရဲ့ ဘုရင် သူတို့ဆီ ပြန်လာဖို့ စောင့်မျှော်နေပါတော့တယ်။ ၁၉၉၁ ကာလမှာတော့ ဆီဗာနဲ့ ဆူရီဆိုတဲ့ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။ အစ်ကိုကြီးဆီဗာဟာ ငယ်စဉ်အရွယ်မှာတင် ပျောက်ဆုံးသွားခဲ့ပါတယ်။ ညီဖြစ်သူ ဆူရီဟာ သူ့အစ်ကို ကို ရှာဖွေချင်တာနဲ့ ရဲအရာရှိဖြစ်အောင်ကြိုးစားပြီး ရဲအရာရှိဖြစ်လာတဲ့အချိန်မှာလည်း ဆက်တိုက်ဆိုသလို အစ်ကိုဖြစ်သူကို ရှာဖွေလို့နေပါတယ်။ ဒီလိုနဲ့ ဆူရီတစ်ယောက် ကျွန်းတစ်ကျွန်းက အကြမ်းဖက်သမားတွေကို သွားရောက်ဖမ်းဆီးဖို့ အမိန့်ကျလာတဲ့အချိန်မှာတော့ ဆူရီဖမ်းဆီးရမဲ့ အကြမ်းဖက်သမားတွေထဲမှာ သူ့အစ်ကို ဆီဗာပါဝင်နေတာကို တွေ့ရှိလိုက်ရပါတော့တယ်။ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတဲ့ ညီဖြစ်သူ ဆူရီနဲ့ အကြမ်းဖက်သမားဖြစ်နေတဲ့ ဆီဗာတို့ ညီအစ်ကိုနှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ ……? အပေါ်မှာ ညွှန်းဆိုခဲ့တဲ့ မျိုးနွယ်စုရဲ့ ဘုရင်နေရာကိုရော ဘယ်သူက ဆက်ခံသွားမလဲ ….? ဆိုတာတွေကို ကြည့်ရှုရမဲ့ အက်ရှင်ဒရာမာကားကောင်းလေးဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...