Ad P1
Ad P2

Blue Summer (2018)

Premium By Shine Design With Shroff Templates
Poster
⭐️6.4


ဒီတစ်ခါ တင်ဆင်ပေးချင်တဲ့ ဂျပန်ဇာတ်ကားလေးကတော့ Romance/ Drama အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားလေးဟာ အတန်းဖော်သူငယ်ချင်းတွေနဲ့အကြာကြီး ခွဲပြီးနေရတဲ့ ဝမ်းနည်းစရာ နွေကျောင်းပိတ်ရက်မှာ အချစ်ဦးနဲ့ဆုံတွေ့ခဲ့ပုံကို သာယာလှတဲ့ဂျပန်နိုင်ငံ ကျေးလက်ဒေသအလှအပရှုခင်းတွနဲ့ ပေါင်းစပ်ဖန်တီးတင်ဆက်ထားတာမို့လို့ဆယ်ကျော်သက် အချစ်ဇာတ်လမ်းမျိုးကို နှစ်သက်သူများ အကြိုက်တွေ့စေမှာသေချာပါတယ်။ဇာတ်လမ်းအကျဉ်းအချစ်ကို အကဲစမ်းချင်ကြသူ ဆယ်ကျော်သက်လေးတွေ ကြားထဲမှာ ရီအိုတစ်ယောက်ကတော့ထူးထူးဆန်းဆန်း ကံကြမ္မာဖန်တီးပေးတဲ့ ဆုံတွေ့မှုမျိုးတွေ ကံကြမ္မာဖန်တီးပေးတဲ့ ဖူးစာရှင်ဆိုတာကိုယုံကြည်နေတဲ့ ရိုးသားလွန်းသူဖြစ်ပါတယ်။ အထက်တန်း ကျောင်းပိတ်ရက် နွေရာသီမှာတော့ရီအိုဟာ မောင်လေးနဲ့အတူ တိုကျိုကနေ ကျေးလက်က အဘွားအိမ်မှာ သွားနေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ ကျေးလက် အဘွားဆီ ရထားတစ်တန် ကားတစ်တန်နဲ့ ခရီးထွက်လာသူရီအိုဟာ အုအဲနိုရွာကို စရောက်ရောက်ချင်းမှာပဲ ဂင်ဇိုနဲ့ ဆုံတွေ့ကာ ရင်ခုန်သွားမိပါတော့တယ်။ရီအို့ အဘွားဖြစ်သူနဲ့ ရင်းနှီးနေသူ ဂင်ဇိုကတော့ မြို့ကြီးသူ ရီအိုကို အဘွားကို ရွာမှာ တစ်ယောက်တည်းပစ်ထားခဲ့သူဆိုပြီး သူ့အပေါ် အမြင်မကြည်နေပေမဲ့ တစ်ဖက်သတ်ရင်ခုန်မိသူ ရီအိုကတော့ ဂင်ဇိုကိုကံကြမ္မာဖန်တီးပေးတဲ့ ဖူးစာရှင်ဆိုပြီး စိတ်ကူးယဉ်ကမ္ဘာထဲ တဝဲလည်လည်ပေါ့။ဂင်ဇိုကို ရန်ခုန် စိတ်ကူးယဉ်နေတဲ့ ရီအိုရဲ့ နွေကျောင်းပိတ်ရက်က ရင်ထဲ လိပ်ပြာအကောင်တစ်သောင်းလောက် ပျံနေတဲ့ ပိတ်ရက်ကလေးဖြစ်သွားမလား…မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ဝမ်းနည်းဖွယ် ကျောင်းပိတ်ရက်ကလေး ဖြစ်သွားမလား…ဆိုတာကိုတော့ အတူ ရှုစားကြည့်လိုက်ရအောင်ပါ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...