⭐️6.5
2018 တုန်းက ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းလေး တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
အဓိကသရုပ်ဆောင်တွေ အဖြစ်နဲ့ Sassy Girl Chun-hyang ထဲက မင်းသား Jae Hee နဲ့
XX ထဲက မင်းသမီး Hwang Seung Eon တို့က ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအညွှန်း
*မြေအောက်ခန်းတစ်ခုမှာ သတိဝင်လာကြပြီးတော့ အချင်းချင်း မသိကြတဲ့အပြင်
ဘာကြောင့် ပိတ်လှောင်ခံထားရမှန်းမသိတဲ့ လူ၆ယောက်ကနေ ဇာတ်လမ်း အစပျိုးထားပါတယ်။
တကယ်တော့ တစ်ယောက်တစ်မျိုးစီနဲ့ နောက်ခံတွေ မတူကြပေမဲ့ သူတို့ကြားထဲ
လူသတ်မှုတစ်ခုက ပါဝင်ပတ်သက်နေခဲ့တာပါ။တစ်ယောက်ချင်းစီက အမှုနဲ့ ဘယ်လို ပါဝင် ပတ်သက်နေတာလဲ။
ဘယ်သူက သူတို့ကို ပိတ်လှောင်ထားပြီး ရည်ရွယ်ချက်က ဘာလဲဆိုတာကို
၆ယောက်လုံး အဖြေရှာရင်း ပိတ်မိနေတဲ့မြေအောက်ခန်းကနေ လွတ်မြောက်အောင် ကြိုးစားကြရမှာပါ။တရားခံအစစ်က ဘယ်သူလဲဆိုတာကို လှည့်ကွက်ပေါင်းစုံနဲ့ စိတ်ဝင်စားစရာကောင်းအောင်
ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်။ လျှို့ဝှက်ချက်တွေကို အဖြေရှာရင်း Death Game တစ်ခု
ဆော့ကစားနေတာကို ကြည့်ရှုရမှာဖြစ်လို့ ဇာတ်လမ်းကြည့်ရင်း အဖြေရှာရတာ ကြိုက်သူတွေအတွက်
ဒီကားလေးကို အကြံပြုပေးချင်ပါတယ်။