A Company Man (2012)

Premium By Shine Design With Shroff Templates
Poster
⭐️6.7


၂၀၁၂ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ တောင်ကိုရီးယား အက်ရှင်၊ ဒရာမာ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Lim Sang-yoon (Lim Sang-yun)မှ ရိုက်ကူးထားပြီးတော့ အဓိက သရုပ်ဆောင်တွေအနေနဲ့ So Ji-sub,Lee Mi-yeon, Kwak Do-won နဲ့ Kim Dong-jun တို့မှ ပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်း ***ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Ji Hyeong-do (So Ji-sub) ဟာ သာမန်ရုံးဝန်ထမ်းတစ်ယောက်အဖြစ် အသွင်ယူထားပြီး ကြေးစားလူသတ်သမားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။ သူဟာ အလုပ်ကို အလွန်ကျွမ်းကျင်ပြီးတော့ သွေးအေးအေးနဲ့ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်တတ်တဲ့ ကြေးစားလူသတ်သမားတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာ သူ့ရဲ့ငယ်ရွယ်တဲ့လုပ်ဖော်ကိုင်ဖက် Hun (Kim Dong-jun) ကို သတ်ဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရတဲ့ အချိန်မှာတော့ သူ့ရဲ့ဘဝဟာ စတင်ပြောင်းလဲလာခဲ့ပါတယ်။Hun နောက်ဆုံးဆန္ဒအတိုင်း Hun စုထားတဲ့ ပိုက်ဆံတွေ တစ်ဆင့်ပေးဖို့အတွက် Hun ရဲ့ မိသားစုကို သွားရောက်တွေ့ဆုံရာကနေ Hunရဲ့ မိခင်ဖြစ်သူ Yu Mi-yeon (Lee Mi-yeon) နဲ့ ချစ်ကြိုက်မိသွားပါတယ်။ဒီလိုနဲ့ အေးစက်နေတဲ့ Hyeong-do ရဲ့ နှလုံးသားထဲမှာ လူသားဆန်တဲ့ ခံစားချက်တွေ ပေါ်ပေါက်လာပြီး သူ့ရဲ့‌ အလုပ်အပေါ်မှာ သံသယတွေ ဝင်လာခဲ့ပါတော့တယ် နောက်ဆုံးမှာတော့ အမြင်မှန်ရသွားပြီးတော့ လမ်းမှန်ကို ပြ‌န်လျှောက်သွားမလား။ကြေးစားလူသတ်သမားအလုပ်ကိုပဲ တစ်သက်လုံး ဆက်လုပ်သွားမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်




Premium By Shine Design With Shroff Templates

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬