⭐️7.2
Disney ရဲ့ 1955 Movies အဟောင်းကို Live-action/CGI နည်းစနစ်နဲ့ ပြန်လည်ဖန်တီးထားတဲ့ ဇာတ်လမ်းပဲဖြစ်တယ် ။ Dog lovers တွေအတွက်တော့ အမြဲတမ်း classic ဖြစ်နေတဲ့ဇာတ်လမ်းလေးကို 2019 ခုနှစ်မှာ Live Action ကားအဖြစ်ပြသခဲ့တယ်။
ဇာတ်ညွှန်း
Lady ဆိုတဲ့ အိမ်မွေးခွေးမလေးတစ်ကောင်ဟာ သူ့သခင် လင်မယား မိသားစုနဲ့အတူ ပျော်စရာကောင်းတဲ့ဘဝလေးပိုင်ဆိုင်ခဲ့တယ် ။ တစ်နေ့တော့ သူ့သခင်တို့က လုလုဆိုတဲ့ ကလေးကို ကိုယ်ဝန်လွယ်ထားရချိန်ကနေစပြီး ခွေးလေးကို ဂရုစိုက်ဖို့မေ့လျော့လာခဲ့တယ် ။ သူ့အိမ်ကို အမှတ်တမဲ့ရောက်လာတဲ့ Tramp ဆိုတဲ့ လမ်းဘေးခွေးတစ်ကောင်ကို သူ့အကြောင်းကို ရင်ဖွင့်မိခဲ့တယ် ။ Tramp တော့ လမ်းပေါ်မှာလှည့်ပတ်သွားလာနေပြီး ဘဝကို လွတ်လွတ်လပ်လပ်ဖြတ်သန်းနေသူတစ်ယောက် ။ Ladyကိုလည်း သူ့သခင်တွေ ကလေးမွေးလာရင် ခွေးတွေကနှင်ထုတ်ခံရမှာလို့ ပြောခဲ့တယ် ။ တစ်ရက်တော့ သူ့သခင်တို့က ကလေးကိုခေါ်ပြီး ခရီးထွက်တဲ့အချိန်မှာ လေဒီ ကို စောင့်ရှောက်ဖို့အန်တီကြီးတစ်ယောက်ထားခဲ့တယ် ၊ အန်တီကြီးက Cat Lover ဆိုတော့ လေဒီကို မတည့်တော့ ဆိုင်တစ်ဆိုင်ခေါ်သွားပြီး လေဒီကို ကိုက်လို့မရအောင် မျက်နှာတပ်တဲ့ဟာကို အတင်းအကျပ်တပ်ပေးခဲ့တယ် ၊ အဲမှာ လေဒီက ကြောက်လန့်ပြီးထွက်ပြေးရာ ၊ လမ်းပေါ်မှာ Tramp နဲ့ပြန်ဆုံတွေ့ခဲ့တယ်။
Tramp က လေဒီ ကို အခက်အခဲကြုံနေချိနိမှာကူညီပေးပြီး သူ့ကို အိမ်ပြန်ပို့ဖို့လုပ်ခဲ့တယ် ၊ လေဒီက အိမ်မပြန်ချင်တော့လို့ ၊ သူတို့နှစ်ယောက်လုံး တစ်နေကုန် လျှောက်လည်လျှောက်စားပြီး ညပိုင်းထိ တူတူလည်ပတ်နေခဲ့ကြတယ် ၊ အဲမှာ ခွေးဖမ်းသမားနဲ့တွေ့ပြီး သူတို့ထွက်ပြေးရာကနေ နှစ်ယောက်လုံးပြန်ကွဲသွားခဲ့ကြတယ် ၊ နောက်ပိုင်းမှာတော့ Lady နဲ့ Tramp နဲ့ပြန်လည်ဆုံဆည်းနိုင်မလား ၊ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးဘယ်လိုဖြစ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှူရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်