Ad P1
Ad P2

Hi, Dharma! (2001)

Premium By Shine Design With Shroff Templates
Poster
⭐️6.5


ကြည့်ရူသူအပေါင်းတို့ အမောအပန်းပြေပြီး ပေါ့ပေါ့ပါးပါးရယ်မောရစေမဲ့ ဟိုးအရင်ချိန်များက ဟာသကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ကေဒရမ်မာပရိတ်သတ်များ မြင်ဖူးနေကြဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်ကြီးများက အပြိုင်အစွမ်းပြထားကြသည်မို့ ဟာသရုပ်ရှင်ချစ်ပရိတ်သတ်မှန်ရင်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ပြိုင်ဘက်ဂိုဏ်းနဲ့ အကြီးအကျယ်ရင်ဆိုင်ယှဥ်ပြိုင်ပြီးတဲ့ညမှာတော့ အ‌ရေးနိမ့်သွားခဲ့တဲ့ ဂျယ်ဂယူတို့ဂိုဏ်းဟာ ပိုမိုရူပ်ထွေးသွားပြီး ဝရမ်းထုတ်ခံလိုက်ရတာမို့ တစ်ကွဲတပြားဆီထွက်ပြေး တိမ်းရှောင်ကြရပါတော့တယ်။ညီအစ်ကိုငါးယောက်ပါဝင်တဲ့ ဂျယ်ဂယူတို့အုပ်စုဟာ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသမှ ဆိတ်ငြိမ်အေးချမ်းတဲ့ ဘုန်းကြီးကျောင်း‌လေးဆီကို မတော်တဆရောက်သွားကြပါတော့တယ်။ ပနံမသင့်လှသော ဂန်းစတားလူမိုက်များနဲ့ ဘုန်းကြီးများ အချိန်အတော်ကြာအထိ အတူတူနေကြဖို့ဖြစ်လာကြတဲ့အခါမှာတော့ ဖြစ်ပေါ်လာတဲ့ ကတောက်ကဆနဲ့ အလွဲပေါင်းများစွာတို့ကို ဟာသနှောပြီးပုံဖော်ထားတဲ့အပြင် ဒီဇာတ်ထုတ်ဟာ ထင်ထားသလောက် မရိုးရှင်းနေဘဲ သူတို့ဂိုဏ်းဘာကြောင့်ရှုံးခဲ့ရသလဲဆိုတဲ့မြုပ်ကွက်လည်းရှိနေပြီး ဘုန်းကြီးများဘက်ကလည်း အလျှော့မပေးဘဲ လူမိုက်များအား ပညာပြကြပုံများကို ရယ်မောရင်း ခံစားလိုက်ကြရအောင်နော်..




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...