⭐️6.3
Sandra Bullock ,Cate Blanchett, Anne Hathaway စတဲ့ ဝါရင့်ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ Rihanna တို့လို အဆိုကျော်တွေပါဝင်ထားပြီး ဇာတ်ကားတွေရဲ့ အရသာကိုထပ်မံပုံဖော်မယ့်ရုပ်ရှင်ပါ။ဒီရုပ်ရှင်က ရှေ့ကရင်းနှီးပြီးသား ဂျော့ကလူနေးတို့ ဘရတ်ပစ်တို့ရဲ့ ဇာတ်ကားသုံးကားကို ဆင့်ပွားခံယူထားတဲ့ ဇာတ်ကားဖြစ်ပြီး Theme ပုံစံလဲ တူညီပါတယ်…မတူတာကတော့ ရှေ့ကဇာတ်ကားတွေမှာ အမျိုးသားသရုပ်ဆောင်ဒိတ်ဒိတ်ကြဲတွေဖြစ်ကြပြီး အခု မှာတော့ အမျိုးသမီးသရုပ်ဆောင်တွေပါ။Anna Wintour, Zayn Malik, Katie Holmes, Maria Sharapova, Serena Williams, Kim Kardashian, Kylie Jenner, Kendall Jenner, Gigi Hadid စတဲ့နာမည်ကြီးတွေလဲ Cameo အဖြစ်ပါဝင်တာကို တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ …$150 million တန်ကြေးရှိတဲ့ Cartier စိန်ဘယက်ကြီးကို Danny Ocean ရဲ့ညီမ Debbie Ocean နဲ့အပေါင်းအပါတစ်စု ခိုးယူကြမှာပါ။သရုပ်ဆောင်မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကို အခြေပြုလို့ အက်ရှင်တချို့နဲ့ ရယ်မော်ပျော်ရွှင်ဖွယ်တင်ဆက်ထားတာမို့ လက်မလွတ်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပါပဲ။