Ad P1
Ad P2

The Land That Time Forgot (2025)

Premium By Shine Design With Shroff Templates
Poster
⭐️5.0


ဒီဇာတ်ကားဟာ Edgar Rice Burroughs ရဲ့ ၁၉၁၈ ခုနှစ်က နာမည်ကြီး စာအုပ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး၊ ၂ ၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၄ မှာရုံတင်ပြသခဲ့ပါတယ်။ သိပ္ပံစိတ်ကူးယဉ် (Sci-Fi)၊ အက်ရှင် (Action)၊ စွန့်စားခန်း (Adventure) အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းကိုတော့ ခေတ်သစ်နဲ့ လိုက်ဖက်အောင် အနည်းငယ်ပြောင်းလဲထားပါတယ်။ မူရင်းစာအုပ်နဲ့ ၁၉၇၄ ခုနှစ် ဇာတ်ကားတွေမှာလို ပထမကမ္ဘာစစ်အတွင်း ဇာတ်အိမ်မဟုတ်တော့ဘဲ၊ ခေတ်သစ်ကာလ ဩစတြေးလျ ရေတပ်နဲ့ ရုရှားရေငုပ်သင်္ဘောအဖွဲ့သားတွေနဲ့ ပုံဖော်ထားပါတယ်။ဒိုင်နိုဆောဇာတ်ကားကြိုက်သူတွေအတွက်: “Jurassic Park” လို ဇာတ်ကားမျိုးတွေကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ဒီဇာတ်ကားမှာ ဒိုင်နိုဆောတွေနဲ့ အက်ရှင်ခန်းတွေကို ကောင်းမွန်တဲ့CGI နဲ့ တင်ဆက်ပေးထားတာကို တွေ့ကြရပါမယ်။ ဒါရိုက်တာ Anthony Frith ဖြစ်ပြီး နာမည်ကျော် သရုပ်ဆောင်တွေကတော့ Michael Paré, Lauren Koopowitz, Jack Pearson, Michelle Bauerနဲ့ Bix Krieger တို့ပဲဖြစ်ကြပါတယ်။ဒီဇာတ်ကားဟာ CGI နဲ့ ရိုက်ကူးထားတာဖြစ်ပြီး၊ အရင် Asylum ကုမ္ပဏီရဲ့ ဇာတ်ကားတွေထက် နည်းနည်း ပိုကောင်းမွန်တယ်လို့ လည်း သုံးသပ်ထားကြပါတယ်။ဇာတ်လမ်း အကျဉ်းကမ်းခြေနဲ့ မိုင်ပေါင်းထောင်ချီဝေးကွာတဲ့ ဘဲရင့်ပင်လယ် (Bering Sea) ထဲမှာ ဩစတြေးလျပြုပြင်ရေးသင်္ဘောသားတွေကို ရုရှားရေငုပ်သင်္ဘောက ရုတ်တရက်တိုက်ခိုက်လာတယ်။ အသက်ရှင်ကျန်ရစ်တဲ့ ဩစတျေးလျ အဖွဲ့သား ၇ ယောက်ဟာ ရုရှားသင်္ဘောထဲကို ခုန်ဝင်စီးနင်းလိုက်ကြတယ်။ ဒါပေမဲ့ ရေငုပ်သင်္ဘောကလည်း ပျက်စီးနေပြီဖြစ်ပြီး မကြာခင်မှာပဲ သူတို့သင်္ဘောဟာ ထူးဆန်းတဲ့ကမ်းခြေတစ်ခုကို ရောက်သွားတယ်။အဲဒီမှာ သင်္ဘောလောက်ကြီးတဲ့ မိကျောင်းငါးမန်းလို သတ္တဝါကြီးတစ်ကောင်က သူတို့ကိုတိုက်ခိုက်ခဲ့တယ်။ အကောင်ကြီးကို အဖွဲ့သားတစ်ဦးက ပုဆိန်နဲ့ခုတ်သတ်နိုင်ခဲ့တယ်။ ထို့နောက် အဖွဲ့သားအားလုံး ကျွန်းပေါ်တက်ခဲ့ကြတယ်။ အဖွဲ့သားအားလုံးကျွန်းပေါ်တက်ကာ အနားယူကြစဉ် ထိုသတ္တဝါကြီးနဲ့ပတ်သက်ပြီး အမျိုးအမည်စဉ်းစားနေကြပါတယ်။ ဒီကောင်ကြီးဟာကမ္ဘာပေါ်မှာ တွေ့နေကျအကောင်မျိုးမဟုတ်တဲ့အပြင်ကမ္ဘာ‌ပေါ်မှာ ဒိုင်နိုဆောတွေ မျိုးတုန်းခဲ့တာလည်း နှစ်ပေါင်းမီလီယံနဲ့ချီကြာခဲ့ပါပြီ။ ဒိုင်နိုဆောတွေရှိနေသေးတဲ့ဘယ်ကျွန်းကိုမှလည်း မတွေ့ဖူးကြပါ။တစ်ကမ္ဘာလုံးရှာဖွေသော်လည်း တွေ့နိုင်မည်မဟုတ်ပါ။ သို့သော်ထိုကျွန်းတွင် ဒိုင်နိုဆောခေတ်က သတ္တဝါပေါင်းစုံရှိနေပါတယ်။ ဒါ့အပြင် ဩစတျေးလျတို့ထက် ကျွန်းမှာအရင်ကမ်းကပ်လာတဲ့ ပထမကမ္ဘာစစ်က သင်္ဘောတစ်စီးကလည်းရှိနေပြန်ပါတယ်။ဒီကျွန်းမှာမှ ဘာကြောင့်ဒိုင်နိုဆောတွေရှိနေရတာလဲ။ ဒီလူတွေကရော ရန်လိုတတ်တဲ့ဒီကမ္ဘာဦးသတ္တဝါတွေလက်ကနေ ရှင်သန်နိုင်မှာလား။ ဒီကျွန်းကနေ အိမ်ပြန်နိုင်မှာလားဆိုတာ ဇာတ်ကားလေးကြည့်ရင်းရှာဖွေလိုက်ကြရအောင်ပါ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...