Ad P1
Ad P2

Beverly Hills Ninja (1997)

Premium By Shine Design With Shroff Templates
Poster
⭐️5.6


90s born တို့ရဲ့ တစ်ချိန်က အသည်းစွဲ သဘောကျခဲ့ရတဲ့ နင်ဂျာဝတုတ်ကားလေး ရောက်ရှိလာပါပြီ။နင်ဂျာတွေ တစ်ခေတ်စားစဉ်အခါက နင်ဂျာလို့ ပြောလိုက်တာနဲ့ သိုသိုသိပ်သိပ် ဖျတ်ဖျတ်လတ်လတ် ပိန်ပိန်ပါးပါးလေးတွေကိုပဲ မြင်ယောင်မိကြမှာပါ။ 
ဒီဇာတ်ကားလေးမှာတော့ ဂျပန် ဒဏ္ဍာရီပုံပြင်အရ တိုင်းတစ်ပါးသားကလေးတစ်ယောက်က ထူးမြတ်တဲ့ အဖြူရောင်နင်ဂျာလေးအဖြစ် ကြီးပြင်းလာမယ်လို့ ဆိုထားပါတယ်။ နင်ဂျာမျိုးနွယ်စုဆီကို ကလေးပေါက်စလေး သောင်တင်လာချိန်မှာတော့ ခေါင်းဆောင်က သူပဲဖြစ်ရမယ်ဆိုပြီး သေချာပြုစုပျိုးထောင် သားတစ်ယောက်လို စောင့်ရှောက်ခဲ့ပေမယ့် တက်တက်စင်အောင် တလွဲတွေအမြဲလုပ်တဲ့ မင်းသား ဟာရု… နောက်တစ်ယောက်ကတော့ ဆရာကြီးရဲ့ တပည့်တွေထဲ အတော်ဆုံး နင်ဂျာဖြစ်တဲ့ ဂိုဘေး…ဟာရုတစ်ယောက် ဒိုဂျိုမှာ တစ်ယောက်ထဲကျန်ခဲ့ချိန် အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို လက်ခံရရှိလိုက်ပါတော့တယ်… အလုပ်လာအပ်တဲ့ မိန်းကလေးကို သဘောကျမိပြီး အမေရိကားအထိ လိုက်ကယ်တင်ဖို့ ဖြစ်လာတဲ့အခါမှာ တော့ ဟာရု ပေါက်ကရလုပ်လွန်းလို့ အမြင်ကတ်ပေမယ့်လည်း ဆရာကြီးကောင်းမှုနဲ့ ဂိုဘေးလည်း ဟာရုရဲ့ အရိပ်အဖြစ် လိုက်ပါရပါတော့တယ်… ဟာရု တလွဲလုပ်သမျှကို ငယ်ငယ်ကထဲကခံလာရတဲ့ ဂိုဘေးခမျာ အခုတစ်ကြိမ်မှာလည်း ဘယ်လိုတွေ ညီလေးကို ကာကွယ်ပေးရမလဲ… ဟာရုကရော ဆရာကြီး မျှော်လင့်ထားသလို နင်ဂျာဝိဇ္ဇာဖြစ်လာမလား…. ဇာတ်လမ်း အစကထဲကနေ အဆုံးထိ စိတ်၀င်စားစရာကောင်းပြီး ပျော်ရွှင် ရယ်မောရစေမှာမို့ ဒီပျက်ရှင် ရှိချင်နေတဲ့ ပရိသတ်တို့လည်း ဒီကားလေးနဲ့ ဘဝအမောတွေ ဖြေကြပါဦးလို့…(ဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...