⭐️4.7
သမိုင်းမစတင်မီခေတ်တုန်းက ဟာကေးနီးယန်းတောကြီးထဲမှာ ဟာကေးနီးယန်းမျိုးနွယ်စုက သူတို့ကိုးကွယ်တဲ့ နတ်ဘုရားမရဲ့ အစောင့်အရှောက်နဲ့ အေးချမ်းစွာ နေထိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီလို အေးချမ်းမှုတွေက ဒရေဂန်ဆိုတဲ့ ဧကရာဇ်တစ်ပါး ကြီးစိုးလာချိန်မှာ ပျက်သုဉ်းသွားရပါတယ်။ဒရေဂန် ဒီလိုကမ္ဘာကို အုပ်စိုးနိုင်နေတယ်ဆိုတာလည်း ဟာကေးနီးယန်းတောထဲကနေ ရထားတဲ့ လျှို့ဝှက်ကျမ်းစာအုပ်ကြောင့်ပါ။ သူဟာ ဒီစာအုပ်ထဲက ပညာတွေကျေးဇူးနဲ့ စက်ယန္တရားတွေဖန်တီးပြီး တောထဲက သတ္တဝါတွေကိုဖမ်းဆီးပြီး ထင်ရာစိုင်းပါတယ်။ဒါပေမဲ့ လိုအပ်ချက်တစ်ခုကတော့ သူ့မှာ ဒီကျမ်းစာအုပ်က တစ်ဝက်ပဲ ရှိနေတာပါ။ ကျန်တဲ့တစ်ဝက်ကလည်း သိပ်ကိုအန္တရာယ်များတဲ့ ဟာကေးနီးယန်းတောထဲမှာ ရှိနေပါတယ်။ ဒီတော့ သူဟာ ဒီတောကြီးကို အပြီးအပိုင်ဖျက်ဆီးပြီး ကျမ်းစာအုပ်ရှာဖွေရေး စတင်ဖို့ လုပ်ပါတယ်။ဒီအချိန်မှာ ဟာကေးနီးယန်းတောကို တန်ဖိုးထားတဲ့ ဆွန်ယာဆိုတဲ့ မိန်းကလေး ပေါ်လာပြီး ဒရေဂန့်ရဲ့ အစီအစဉ်တွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ဖျက်ဖို့ ကြိုးစားပါတော့တယ်။