⭐️5.0
၂၀၂၅ ခုနစ်ထွက် အသစ်စက်စက် Netflix ရဲ့
ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။ Destination Wedding ဆိုတာပုံမှန်ရိုးရိုးမင်္ဂလာဆောင်မျိုးမဟုတ်ပဲ လှပတဲ့ကမ်းခြေလိုနေရာမျိုး ကိုယ့်ဇာတိကမဟုတ်တဲ့
တခြားတစ်နေရာကိုသွားပြီး မိဘဆွေမျိုးမိတ်ဆွေတွေကိုဖိတ်ပြီး
ကုန်ကျစရိတ်ခံပြီးတော့ ဆောင်တဲ့မင်္ဂလာဆောင်မျိုးပါ။ အတော်ကိုငွေကုန်ကြေးကျများတဲ့မင်္ဂလာဆောင်မျိူးပေါ့။ဇာတ်လမ်းအကျဉ်းလေးကတော့ ဘရိုင်ယန်ကမိန်းမဖြစ်သူနဲ့ကွဲပြီး သမီးနဲ့သားဖြစ်သူကို Single Father အဖြစ်နဲ့ပြုစုပျိုးထောင်လာခဲ့သူပါ။
ဒါပေမဲ့ မိခင်ဖြစ်သူက သူဌေးတစ်ယောက်နဲ့အိမ်ထောင်ကျပြီး
သူတို့ဘဝထဲကိုပြန်ဝင်ဖို့ကြိုးစားနေတာပေါ့။ မုန့်ဖိုးတွေလက်ဆောင်တွေပေးပြီး သူ့သားသမီးရဲ့လက်ခံမှုကို
အသဲအသန်ပြန်ရှာနေတဲ့သူ။ အဲ့မှာပဲ ဘရိုင်ယန်နဲ့သူ့မိန်းမဟောင်းတွေ့တာနဲ့ကမ္ဘာရန်ဖြစ်လာကြပါရော။ တစ်နေ့သူ့သမီးဖြစ်သူက ဘယ်ကကောင်မှန်းမသိတဲ့သူတစ်ယောက်နဲ့
လက်ထပ်တော့မယ်ဆိုပြီးလာပြောတော့ ဘရိုင်ယန်တစ်ယောက်ကြံရာမရပဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေရာမှ သူ့အဖေဆီပြန်သွားပြီးအကူညီတောင်းပါတော့တယ်။
ဒါပေမဲ့အဲ့ကအဘိုးကြီးနဲ့အဘွားကြီးက တကယ့်အရှုပ်တွေ။Shot Gun တစ်လက်ကိုင်ပြီး အိမ်ပြင်မှာထိုင်တွေ့တဲ့သူနဲ့ဘုကလန့်ပြော။
အဘိုးကြီးကလောင်းကစားနဲ့ဖွန်သမား အဘွားကြီးက အလကားရအကုန်ယူမယ်ဆိုတဲ့သူမျိုး။နောက်ဆုံးတော့ ဘရိုင်ယန်တစ်ယောက်လက်လျော့လိုက်ရပြီး သူ့သမီးလိုချင်တဲ့
Destination Wedding ပွဲကိုစီစဉ်ပေးပြီး အဘိုးကြီးအဘွားကြီးတွေကို
ခေါ်လာခဲ့ရာမှ ဘယ်လိုတွေငါးပါးမှောက်မယ်ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး ….P.S ရိုင်းစိုင်းသည့်စကားလုံးအသုံးနှုန်းများအနည်းငယ်ပါဝင်ပါသည် ဇာတ်လမ်းအရမူရင်းအတိုင်းထည့်ထားသည်များရှိပါသည်။