Ad P1
Ad P2

Scarface (1983)

Premium By Shine Design With Shroff Templates
Poster
⭐️8.3


မင်းသားကြီး Al Pacino ရဲ့နာမည်ကြီးရုပ်ရှင်ကားကြီးပါ။ Rating တွေလဲ အတော်ကောင်းဆိုသလို အပြင်မှာတကယ်ရှိတဲ့ Tony Montana ဆိုတဲ့မူးယစ်ရာဇာအကြောင်းရိုက်ထားတာ။တိုနီမွန်တားနားဆိုတဲ့ လူတစ်ယောက်ဟာ ကျူးဘားဒုက္ခသည်တွေနဲ့အတူ မိုင်ယာမီကိုရောက်လာတယ်.. သူနဲ့အတူ သူငယ်ချင်းတွေဖြစ်တဲ့ မန်နီ၊အိန်ဂျယ်နဲ့ချီချီတို့လည်းပါလာတယ်.. ရွှေ့ပြောင်းဒုက္ခသည်ဆိုတဲ့အတိုင်း အောက်ခြေအလုပ်တွေဖြစ်တဲ့ စားသောက်ဆိုင်ပန်းကန်ဆေးဆိုတဲ့အလုပ်ကနေ အသက်ရှင်ဖို့ရုန်းနေကြရင်းနဲ့ မူးယစ်ဆေးဝါးကုန်သည် သူဌေး ဖရန့်နဲ့အဆက်အသွယ်ရပြီး မူးယစ်အရောင်းအဝယ်လောကထဲကိုဝင်လာပါတော့တယ်။တိုနီဟာ ဒီလောကနဲ့မစိမ်းသလို လက်ရဲဇက်ရဲ အကွက်မြင်တဲ့သူမို့ သူဌေးခိုင်းတဲ့အရောင်းအဝယ်ကိစ္စမှာ အအောင်မြင်ဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့တယ်… ဒီ့နောက်မှာတော့ သူဟာ တဖြည်းဖြည်းအောင်မြင်လာပြီး ကိုယ်ပိုင်အင်ပါယာထူထောင်နိုင်တဲ့အထိ ချမ်းသာလာပါတော့တယ်… ပိုက်ဆံတွေအများကြီး မိန်းမတွေအများကြီးနဲ့ မူးယစ်လောကထဲက တိုနီတယောက် ဘဝကြီးကို ဘယ်လောက်ထိ စိတ်ကြိုက်လွှင့်မျောမိုက်ကန်းတော့မယ်ဆိုတာ ဆေးပြင်းလိပ်ကြီးခဲပြီး သေနတ်ကြီးဆွဲလို့ သွေးသံရဲရဲနဲ့ Al Pacino ရဲ့ သရုပ်ဆောင်ချက်တွေကို ၃ နာရီနီးပါး ကျကျနနခံစားကြရမှာပါ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...