Ad P1
Ad P2

Holy Night: Demon Hunters (2025)

Premium By Shine Design With Shroff Templates
Poster
⭐️6.5


Cast တွေအနေနဲ့ကတော့ အားလုံး သိကြတဲ့ Ma Dong-seok, Seo Hyun, Lee David,Kyung Soo-jinနဲ့ Jung Ji-so တို့ ပါဝင်ထားကြပြီး နတ်ဆိုး၊ နတ်ဆိုးကို ကိုးကွယ်ကြတဲ့အစွန်းရောက်သူတွေနဲ့ အားပြိုင်ကြမဲ့ သဘာဝလွန်စွမ်းအားရှင် နတ်ဆိုးမုဆိုး ၃ဦးအဖွဲ့အကြောင်းကိုရိုက်ကူးထားတာတဲ့ Fantasy Horror movie အမျိုးအစားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-ဘာအူ, ရှာရွန်နဲ့ ဂင်ဂွန်းဆိုတဲ့သူ ၃ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Holy Night အဖွဲ့ဟာနတ်ဆိုးကိုးကွယ်တဲ့ ဂိုဏ်းတွေကို တိုက်ခိုက်နှိမ်နင်းကြတဲ့ အဖွဲ့ဖြစ်တယ်။ဘာအူရဲ့ ထူးခြားတဲ့ စွမ်းရည်ကတော့ အားကောင်းတဲ့ ကာယခွန်အားပဲဖြစ်ပြီး ရှာရွန်ကတော့နတ်ဆိုးတွေကို ခွဲခြားသိမြင်ကာ အပနှင်နိုင်စွမ်းရှိပြီး ဂင်ဂွန်းကတော့ ဘာအူနဲ့ ရှာရွန်တို့ကိုနောက်ကနေ လိုက်လံကူညီပေးတဲ့သူပေါ့။တစ်နေ့ စိတ်ရောဂါကုဆရာဝန် ဂျောင်ဝန်းဟာ Holy Night အဖွဲ့ဆီ ရောက်လာပြီးသူ့ရဲ့ ညီမဖြစ်သူ အွန်ဆောရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးတစ်ကောင်ဝင်ပူး‌နေတဲ့အတွက်ညီမဖြစ်သူကို ကယ်တင်ပေးဖို့ Holy Night အဖွဲ့ကို လာ‌ရောက် အကူအညီတောင်းခံတဲ့အခါမှာတော့…Holy Night အဖွဲ့က အွန်ဆောရဲ့ ခန္ဓာကိုယ်ထဲမှာ ပူးကပ်နေတဲ့ နတ်ဆိုးကို ဘယ်လိုနည်းလမ်းတွေသုံးပြီးဘယ်လိုနှင်ထုတ်သွားမလဲဆိုတာကိုတော့ မာဒုံဆော့ရဲ့ ဇာတ်ကားတွေ ထုံးစံအတိုင်းတိုက်ရည်ခိုက်ရည်ကောင်းကောင်း၊ အပနှင်နည်းမျိုးစုံနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရပြီးပရိသတ် စိတ်ကျေနပ်ရမဲ့ကားတစ်ကားဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miri မှ ရေးသားထားပေးပါတယ်။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...