⭐️6.0
ရုပ်ရှင်ကတော့ လူကြိုက်များခဲ့တဲ့ Dora the Explorer ကာတွန်းဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
အထက်တန်းကျောင်းသူဘဝကို ရောက်ရှိနေပြီဖြစ်တဲ့ Dora က မိသားစုနဲ့အတူ တောထဲမှာ နေထိုင်လျက်ရှိပါတယ်။တစ်ရက်မှာတော့ ရှေးဟောင်းလူမျိုးစုတွေရဲ့ ဒဏ္ဍာရီထဲက ဆန်းကျယ်တဲ့ Sol Dorado ရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ သူငယ်ချင်းတွေနဲ့အတူ အန္တရာယ်တွေပြည့်နှက်နေတဲ့စွန့်စားခန်းတစ်ခုထဲကို ချီတက်ကြပါတော့တယ်။လမ်းတစ်လျှောက်မှာ ပဟေဠိတွေ၊ ထောင်ချောက်တွေနဲ့ ရန်သူတွေကို ရင်ဆိုင်ရပြီး Dora ရဲ့ စွမ်းရည်၊ ဉာဏ်ရည်နဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေကြောင့် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်ကားတစ်လျှောက်လုံးမှာ ပရိသတ်တွေမျှော်လင့်ထားတဲ့ Dora ရဲ့ စူးစမ်းလိုစိတ်နဲ့ချစ်စရာကောင်းတဲ့စကားပြောဟန်တွေ ပါဝင်ပြီး အထူးသဖြင့် သူ့ကျောပိုးအိတ်ထဲက ပစ္စည်းတွေနဲ့မျောက်ကလေးဘု့စ်တို့ရဲ့ပါဝင်မှုက Dora ဇာတ်ကောင်နဲ့ရင်းနှီးမှုကို ဖန်တီးပေးပါတယ်။ ကလေးတွေအတွက် ပျော်စရာကောင်းသလို လူကြီးတွေအတွက်လည်း စိတ်ဝင်စားစရာဖြစ်စေမယ့်ဇာတ်လမ်းဖြစ်ပါတယ်။CGI အသုံးပြုမှုတွေနဲ့ တောထဲကရှုမျှော်လင်းအလှပြအကွက်တွေက ရုပ်ရှင်ကို ပိုမိုစွဲမက်ဖွယ်ဖြစ်စေပါတယ်။Dora ကို ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်တဲ့သူတွေ၊ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရုပ်ရှင်ကြည့်လိုသူတွေ အတွက် ကောင်းမွန်တဲ့ဇာတ်လမ်းရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။