⭐️6.7
ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဟာသအက်ရှင် ဇာတ်ကားလေးပဲဖြစ်ပါတယ်။မင်းသား John Cena , Idris Elba , မင်းသမီး Priyanka Chopra တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Ilya Naishuller ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
သရုပ်ဆောင်လုပ်ရင်း အမေရိကန်နိုင်ငံရဲ့ သမ္မဖြစ်လာသူ Will Derringer(John Cena) နဲ့အင်္ဂလန် နိုင်ငံရဲ့ ဝန်ကြီးချုပ် Sam Clarke(Idris Elba) တို့ဟာ ရန်သူတစ်ယောက်ရဲ့အကြံအစည်ကြောင့် သူတို့လိုက်ပါလာတဲ့ Air Force One လေယာဉ်ကြီးနှင့်အတူပျက်ကျသွားခဲ့ပါတယ်။သူတို့နှစ်ယောက်စလုံး ကံကောင်းထောက်မစွာ အသက်ရှင်ပြီးတဲ့နောက်မှာ ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ ဘယ်သူတွေရှိလဲဆိုတာတွေကို စုံစမ်းထုတ်ဖော်ဖို့အတွက်မတည့်အတူနေနှစ်ယောက် ပူးပေါင်းဖို့ဖြစ်လာခဲ့ပါတော့တယ်။လုပ်ကြံသူတွေအနေနဲ့လည်း သူတို့အသက်ရှင်နေသေးတယ်ဆိုတာကို သိလိုက်ရတဲ့အခါ သူတို့ကိုလိုက်ပြီးတော့ ထပ်မံလုပ်ကြံပါတော့တယ်။Will နဲ့ Clarke တို့နှစ်ယောက် အခက်အခဲတွေကို ဘယ်လိုဖြတ်ကျော်ပြီး ပြဿနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။