The Duel (2016)

Premium By Shine Design With Shroff Templates
Poster
⭐️5.8


ဒီတစ်ခါ တင်ဆက်ပေးလိုက်တာကတော့ Helena Duel လို့ ခေါ်တဲ့ လူနှစ်ယောက်ကို လက်တစ်ဖက်စီ ကြိုးနဲ့ပူးချည်ပြီး ကျန်လက်တစ်ဖက်နဲ့ ဓားကိုင်ကာ ထိုးသတ်ရတဲ့ တစ်ဦးချင်းယှဉ်ခုတ်ပွဲကို အခြေခံထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ Ranger တစ်ယောက်ဖြစ်တဲ့ ဒေးဗစ်ကင်းစတန်ဟာ မြို့တော်ဝန်ရဲ့ စေလွှတ်ချက်အရ မက္ကစီကန်ဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ တူနဲ့တူမ အပြင် တခြား မက္ကစီကန်လူမျိုးတွေ ပျောက်ဆုံးနေမှုကို စုံစမ်းဖို့ ရည်ရွယ်ချက်နဲ့ Mount Hermon ကို ရောက်လာခဲ့ပါတယ် ။ တကယ်တမ်းတော့ Mount Hermon ရဲ့ ကိုးကွယ်ရာလိုမျိုး ဖြစ်နေတဲ့ အေဗရာဟမ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က ဒေးဗစ်ရဲ့ အဖေကို Helena Duel နဲ့ အနိုင်ယူပြီး သတ်ပစ်ခဲ့သူပါ ။ ဒေးဗစ်ကလည်း Mount Hermon ကို ရောက်လာတဲ့အခါ အေဗရာဟမ် ဘယ်လိုတုံ့ပြန်မလဲ ။ သူတို့နှစ်ယောက်ရဲ့ သွေးကြွေးဟာ နောက်ထပ် helena duel တစ်ခုကို ဦးတည်လာတဲ့ အခါ ဒီတစ်ခါမှာရော ဘယ်သူအနိုင်ရမလဲ ။ ပျောက်နေတဲ့ မက္ကစီကန်လူမျိုးတွေနဲ့ mount hermon ရဲ့ နောက်ကွယ်မှာ ဘယ်လိုလုပ်ရပ်မျိုးတွေ ရှိနေမလဲ ဆိုတာကိုတော့ ရုပ်ရှင်ကားမှာ အတူတူ လိုက်ပါခံစားကြည့်လိုက်ရအောင်ပါ ။ (ဇာတ်လမ်းအညွှန်းကို Hazelleက ရေးသားထားပါတယ်)




Premium By Shine Design With Shroff Templates

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬