Ad P1
Ad P2

Snake Eyes: G.I. Joe Origins (2021)

Premium By Shine Design With Shroff Templates
Poster
⭐️5.7


G.I.Joeထဲက နင်ဂျာအမဲ​ရောင် စကား​ပြောတဲ့ရုပ်ရှင်ထွက်လာပါပြီဒီရုပ်ရှင်က Snake Eyesနဲ့ သူရဲ့​သွေး​သောက်ညီအစ်ကို၊ ပြိုင်ဘက် Storm Shadow တို့ရဲ့ မူလအစကို တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ခေါင်း​​​ဆောင်မင်းသားနှစ်​​ယောက်က Crazy Rich Asians ထဲက Henry Golding နဲ့ ကြမ်း​ပေ့ရမ်း​ပေ့ဆိုတဲ့ “Warriors” စီးရီးထဲက မင်းသား Andrew Koji ပါငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကို အမည်မသိလူတစ်စု သတ်ဖြတ်သွားတာ​ကြောင့် ကလဲ့စား​ချေလိုစိတ်နဲ့ကြီးပြင်းလာ ခဲ့တဲ့ Snake Eyesတစ်​​ယောက်Arashik​age မျိုးနွယ်စုရဲ့ ဆက်ခံသူဖြစ်လာမယ့် ​”တော်မီ”ကို မျိုးနွယ်စုသစ္စာ​ဖောက် “ကန်တာ”နဲ့ လူမိုက်တစ်သိုက်လက်ထဲက ကယ်တင်ဖို့အ​ရေးနဲ့ ကြုံလာရပါတယ် သူကယ်တင်​ပေးခဲ့တဲ့”တော်မီ”က​နေတဆင့် Arashikage မျိုးနွယ်ရဲ့သိုင်းပညာကျင့်စဉ်တွေကို လက်ဆင့်ကမ်းသင်ကြားရင်း အ​ဖေကိုသတ်သွားတဲ့တရားခံကိုလက်စားပြန်​ချေနိုင်မလား၊Snake Eyesဆိုတဲ့နာမည်ကိုဘယ်လိုရလာမှာလဲ၊သစ္စာ​ဖောက် “ကန်တာ”ရဲ့အကြံအစည်က​ရော ဘာဖြစ်မလဲ၊JOEအဖွဲ့နဲ့ Cobraက​ရော ဒီဇာတ်ကားထဲမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်လာမလဲ ……စသဖြင့် ​​ရှေ့မှာထွက်ပြီးသား G.I.Joe နှစ်ကားရဲ့ Spin off အဖြစ် ဇာတ်လမ်းဆက်​ပေးသွားမှာဖြစ်ပါတယ်Digital releaseအ​နေနဲ့ အခုမှထွက်လာတာဖြစ်လို့ CM fan ​တွေအတွက် ရတာနဲ့ အမြန်ဆုံးတင်ဆက်​ပေးလိုက်ပါတယ်




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...