⭐️5.8
G.I. Joe: Retaliation (၂၀၁၃)
GI Joe The Rise of Cobra ရဲ့ အဆက်အနေနဲ့ ထွက်ရှိလာခဲ့ပြီး
ပထမရုပ်ရှင်က မင်းသားတွေဖြစ်တဲ့ Channing Tatum တို့ လီဗျောင်ဟွန်းတို့အပြင်ဒီရုပ်ရှင်မှာတော့ Dwayne Johnson တို့ Bruce Willis တို့လို ဖိုက်တာတွေပိုပါဝင်လာတာမို့ပိုကြမ်းလာတယ်ပြောရမှာပေါ့…။
တကယ့်ဖိုက်တာမင်းသားတွေ အပြိုင်အဆိုင်ကြမ်းထားကြတာမို့ဇာတ်လမ်းထက် သူတို့ကြမ်းတာကို မနည်းလိုက်ကြည့်ရမလိုဖြစ်နေရပါတယ်။ဇာတ်လမ်းကတော့…G.I.Joe အဖွဲ့ရဲ့ ကပ္ပတိန်ဒုခ်နဲ့ အဖွဲ့သားတွေ ထောင်ချောက်ဆင်သတ်ဖြတ်ခံရပီးတဲ့နောက်အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ ရုတ်ဘလော့ခ် ( The Rock) လေဒီဂျေး , ဖလင့် နဲ့ Snake eyes တို့တွေပူးပေါင်းပြီးCobra commander , Firefly , Zartan နဲ့ Storm Shadow တို့ရဲ့ကမ္ဘာကြီးကိုဖျက်ဆီးမဲ့အစီအစဉ်ကိုဘယ်လိုတွေတားဆီးကျမယ်…သူတို့အဖွဲ့အတွက် ဘယ်လိုလက်စားချေမယ်ဆိုတာကိုAction ဇာတ်ဝင်ခန်းအလန်းစားတွေနဲ့ကြည့်ရှုခံစားရမှာပါ။