Ad P1
Ad P2

Alice in Wonderland (2010)

Premium By Shine Design With Shroff Templates
Poster
⭐️6.4


Alice In Wonderland(၂၀၁၀) Alice in Wonderland ကို လူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝတစ်စိတ်တပိုင်းဆိုလည်းမမှားပါဘူး။ ငယ်ငယ်ကတည်းက လောကကြီးကိုရင်ဆိုင်ပြီးတိုက်ခိုက်နေရတဲ့ အသက်အရွယ်ရောက်လာတာတောင်မှTim Burton ရဲ့ရုပ်ရှင်တွေကိုကြည့်ပြီး Tim Burton Universe ထဲကိုသွားချင်တဲ့စိတ်ကမကုန်သေးပါဘူး။ Fantasy လောကရဲ့ ဖခင်ကြီး Tim Burton ရဲ့ရုပ်ရှင်တွေဟာ ကြည့်လိုက်တိုင်း ရင်ထဲမှာတော့ တစ်ခုခုကျန်ခဲ့ပါတယ်။Alice in Wonderland လည်းအဲလိုပါပဲ။ ကျွန်တော်တို့ဟာ ဘဝမှာ တစ်ခါတော့ အံ့ဖွယ်ကမ္ဘာကိုရောက်သွားတဲ့ Alice တော့ဖြစ်ချင်ခဲ့မှာပါ။ ရှုပ်ထွေးလှတဲ့ လောကကြီးကနေ အံ့ဖွယ်ကမ္ဘာကိုရောက်သွားတဲ့ Alice ကို အားကျခဲ့မိမှာပါ။Alice in Wonderland ဟာ Rating အရကြည့်မယ်ဆိုရင်တော့ သိပ်ပြီးအားရစရာမဟုတ်ပေမယ့် Academy ၂ ဆုသိမ်းပိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ပရိသတ် လူငယ်/လူကြီး ကြိုက်ကြတဲ့ ရုပ်ရှင်တကားဖြစ်ပါတယ်။Alice in Wonderland Theme Song က ကြက်သီးထစေသလို Avril Lavigne ရဲ့ Alice (Underground) သီချင်းကလည်း တခုခုကိုလွမ်းသွားစေမှာပါ။ ဘဝအမောတွေပြေအောင်လို့ ကြည့်လိုက်ကြပါ၊ ကြည့်ပြီးတဲ့လူတွေလည်း အမြင်တမျိုးနဲ့ပြန်မြင်ရမယ်ထင်ပါတယ်။ဇာတ်ညွှန်း ချားလ်စ်ဆိုတဲ့ ကုန်သည်တစ်ယောက်မှာ အဲလစ်စ်ဆိုတဲ့ သမီးလေးတစ်ယောက်ရှိတယ်။ အဲလစ်စ်လေးဟာ ငယ်ငယ်ကတည်းက အိမ်မက်တစ်ခုတည်းကိုမက်ပါတယ်။အဲဒီအိမ်မက်ထဲမှာ ဝစ်စ်ကုတ်ဝတ်ထားတဲ့ယုန်ပါတယ်၊ ဒိုဒိုငှက်ကြီးတစ်ကောင်ပါတယ်၊ ပြုံးနေတဲ့ကြောင်ကြီးတစ်ကောင်ပါတယ်။ အိမ်မက်ဆိုတော့ အတည်မှတ်လို့မရဘူးပေါ့လေ။“သမီးရူးသွားပြီလား” တဲ့။ ဒါက အဲလစ်စ်လေးရဲ့ သူ့အဖေ ချားလ်စ်ကိုမေးတဲ့အမေး။ ချားလ်စ်ကပြန်ဖြေတယ် “ဟုတ်တယ်၊ သွက်သွက်ခါအောင်ပဲတဲ့။ ဒါပေမဲ့ လျှို့ဝှက်ချက်တစ်ခုအဖေပြောပြမယ်။ အတော်ဆုံးလူတွေအကုန်လုံးက ရူးနေကြတာပဲ” တဲ့။ဒီလိုနဲ့ အဲလစ်စ်လေး ၁၉ နှစ်သမီးရောက်တော့ ရှေးခေတ်အင်္ဂလန်ပြည်ကြီးရဲ့ထုံးစံအတိုင်း ယောက်ျားပေးစားဖို့ကြံပါတော့တယ်။ ဒါပေမဲ့ လက်ထပ်ခွင့်ကို လက်ခံသည်/မလက်ခံသည် မပြောရသေးခင်မှာအဲလစ်စ်ဟာ ယုန်တွင်းထဲပြုတ်ကျပြီး အံ့ဖွယ်ကမ္ဘာကြီးကိုရောက်သွားပါတော့တယ်။ဒီလိုနဲ့ အဲလစ်စ်ဟာ မြေအောက်အံ့ဖွယ်ကမ္ဘာကြီးကို ကယ်တင်ဖို့အကြောင်းဖန်လာပါတော့တယ်။ အဲလစ်စ်လေးတစ်ယောက် အံ့ဖွယ်ကမ္ဘာကြီးကိုဘယ်လိုကယ်တင်မလဲဆိုတာ စိတ်ဝင်စားစွာနဲ့ကြည့်လိုက်ကြပါဦးခင်ဗျာ။အရူးဦးထုပ်သမား အဖြစ် မင်းသားကြီး Johnny Depp အဲလစ်စ် အဖြစ် မင်းသမီး Mia Wasikowskaခန်းဆောင်နီဘုရင်မအဖြစ် Tim Burton ကားမှာ မပါမဖြစ် မင်းသမီး Helena Bonham Carter ခန်းဆောင်ဖြူဘုရင်မအဖြစ် အချစ်တော်မင်းသမီး မကြာနု Anne Hathawayပညာရှိ ပေါက်ဖတ်အဖြစ်အသံသရုပ်ဆောင် မင်းသားကြီး Alan Rickman ခန်းဆောင်နီဘုရင်မ တပ်မှူးအဖြစ် မင်းသား Crispin Glover တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...