Ad P1
Ad P2

G.I. Joe: The Rise of Cobra (2009)

Premium By Shine Design With Shroff Templates
Poster
⭐️5.8


G.I. Joe: The Rise of Cobra (၂၀၀၉) ၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုးတစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ်ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။ ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့ ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ နာနိုမိုက် ဒုံးကျည်ကို ပစ်လိုက်တဲ့အခါ ပစ်မှတ်ကို ထိမှန်ရင် နာနိုမိုက်တွေဟာ အကန့်အသတ်မရှိ သတ္တုတွေစားပစ်တတ်တယ် ။ မလိုလားတဲ့ ဖျက်ဆီးမှုတွေ မဖြစ်စေချင်ရင်တော့ ပိတ်တဲ့ခလုတ်ကို နှိပ်မှ ရပ်တန့်သွားတတ်တယ် ။နာနိုမိုက် ဒုံးကျည် နမူနာ ၄ ခုလုပ်ထားတယ် ။ ဒုံးကျည်တစ်ခုမှာ နာနိုမိုက် အကောင် ၇ သန်းအထိပါတယ် ။ မက်ကောလင်း မိသားစုရဲ့ မားစ် လုပ်ငန်းစုဟာ နေတိုးအကူအညီနဲ့ လက်နက်ကို တီထွင်ပြီး မက်ကောလင်းမိသားစုရဲ့ ဩဇာအာဏာကို တည်ထောင်လိုကြတယ် ။ မက်ကောလင်းဟာ အဲဒိ နာနိုမိုက် ဒုံးကျည် ၄ လုံးနဲ့ ကမ္ဘာကို ခြိမ်းခြောက်ပြီး လူတွေရဲ့ ရင်ထဲကို အကြောက်တရား ထည့်ပေးချင်တယ် ။ ပထမဆုံး နာနိုမိုက် ဒုံးကျည်ကို ပြင်သစ်ရှိ အီဖယ်မျှော်စင်ကို ပစ်ခတ်ပြပြီး မိသားစုရန်ကြွေးကို ဆပ်ပြလိုက်ပါတော့တယ် ။ဒီနေရာမှာ တားဆီးပေးမယ့် အဖွဲ့ကတော့ ကမ္ဘာပေါ်က အကောင်းဆုံးစစ်တပ်တွေက အတော်ဆုံးစစ်သား စစ်သမီးတွေနဲ့ ခေတ်မှီလက်နက်တွေ တပ်ဆင်အသုံးပြုနေတဲ့ G.I Joe အဖွဲ့ပဲဖြစ်ပြီး သူတို့ကရော ဘယ်လိုတားဆီးကြမလဲဆိုတာ… ကြမ်းကြမ်းတမ်းတမ်းရိုက်ချက်တွေနဲ့ မှန်သားပြင်မှာ ကြည့်ရှူခံစားကြပါဦး………။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...