Ad P1
Ad P2

Percy Jackson: Sea of Monsters (2013)

Premium By Shine Design With Shroff Templates
Poster
⭐️5.8


ရှေး ဂရိဒဏ္ဍာရီထဲက နတ်ဘုရားတွေ… နတ်ဘုရားမတွေအကြောင်း …သူတို့ရဲ့စွမ်းအားတွေ… နတ်ဘုရားတွေနဲ့ လူသားတွေချစ်ကြိုက်မိရာမှမွေးဖွားလာတဲ့ သွေးနှောနတ်ဘုရားတွေ…ဂရိဒဏ္ဍာရီထဲက သတ္တဝါဆန်းတွေ…ဒါတွေဟာ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် အဆန်းတကြယ် ဖြစ်မနေတဲ့အကြောင်းအရာတွေ အနည်းနဲ့အများ ရင်းနှီးပြီးသား အကြောင်းအရာတွေလို့ယူဆမိတယ်…ဘာလို့ဆို နတ်ဘုရားတွေပေါ်အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်ပေါင်းလည်း နည်းမှမနည်းဘဲကိုး…အဲ့ဒီ နည်းမှမနည်းတဲ့ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာထဲမှ…ဒီနေ့အတွက် ရေနတ်ဘုရားရဲ့သားတော် ဖြစ်တဲ့ ပါစီဂျက်ဆန်ရဲ့ စွန့်စားခန်း ဇာတ်လမ်းလေး၂ပုဒ် ကို တင်ဆက်ပေးချင်ပါတယ်… ဒီပါစီဂျက်ဆန် ကိုငယ်ငယ်က သိပ်နှစ်သက်ခဲ့ပြီး ခုတစ်ဖန်ပြန်လည်ကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက်လည်း old but gold ဘာညာပေါ့နော်…နောက်ဇာတ်လမ်းအဆက်ဖြစ်တဲ့ The Sea of Monster ကတော့ တော်တော်လေးကိုလန်းတဲ့အပိုင်းတွေပါတာ ဝန်ခံရမှာပါ… ဇာတ်လမ်းအစမှာတော့ သွေးနှောနတ်ဘုရားတွေရဲ့ စခန်းကို ကာကွယ်ထားတဲ့ သစ်ပင် တံတိုင်းကြီး ဖြစ်ပေါ်လာပုံတွေ…ပထမဇာတ်လမ်းမယ် အိုလန်ပတ်စ် ကိုကယ်တင်လိုက်ပြီးနောက် ဆက်ပြီးပုံမလာနိုင်တော့တဲ့ ပါစီတစ်ယောက် စခန်းမှာအနှိမ်ခံရပုံတွေ…သူ့ရဲ့ ညီတစ်ယောက်ရောက်လာပုံတွေ ပါစီ့အတွက် ဟောပြောထားတဲ့ရှေ့ဟောဗျာဒိတ်တွေကြောင့် ခေါင်းစားရပုံတွေ ကြည့်ရှုရမှာပါ …လိုရင်းကတော့ အကာအကွယ်သစ်ပင်ကြီးရုတ်တရက် အဆိပ်ခတ်ခံလိုက်ရတဲ့အတွက် ဒါကိုကုသပေးနိုင်တဲ့ ရွှေရောင်ပိတ်စကို ဘာမြူဒါ တြိဂံနယ်မြေခေါ် မိစ္ဆာပင်လယ်ပြင်ဘက်မှာ သွားရောက်ရှာဖွေရင်းပြုလုပ်ခဲ့ရတဲ့ စွန့်စားခန်းတွေဟာ ပရိတ်သတ်ရင်ထဲ ကျေနပ်နှစ်သိမ့်မှုကို ရှိစေမှာပါ…နောက်ဆုံးညွှန်းချင်တာကတော့ ဂရိနတ်ဘုရားတွေအကြောင်းမနည်းစုံစုံလင်လင်ပါတဲ့အတွက် နတ်ဘုရားတွေအကြောင်းစိတ်ဝင်စားသူတွေ လုံးဝကြည့်သင့်တဲ့ကားကောင်းများဖြစ်တဲ့အကြောင်းပါ…အဲ့ဒီအပြင် ညီအစ်ကို နှစ်ဦးကြားက မေတ္တာတရားတွေ…အသင်းအဖွဲ့လိုက်ကူညီဖေးမမှုတွေ.…ရိုက်ချက် အလန်းစားတွေ …ရယ်စရာကောင်းတဲ့ စိုက်ကလော့ ကောင်ကြီးတွေ အစရှိသည်ဖြင့်…ဇာတ်လမ်းဇာတ်ကွက်ကောင်းတွေထုံမွှန်းနေတဲ့ ဇာတ်ကားလေးတွေအဖြစ် ညွှန်းဆိုလိုက်ပါတယ်




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...